Schitt’s Creek နဲ့ Succession တို့ ဆုကြီးတွေရရှိခဲ့တဲ့ Emmy ဆုပေးပွဲ

အမေရိကန်က တီဗီစီးရီးတွေအတွက် အကြီးကျယ်ဆုံးဆုတစ်ခု ဖြစ်တဲ့ Emmy ပွဲကိုတော့ ဒီနှစ်မှာ virtual မှာပဲ ပြုလုပ်ခဲ့ပါတယ်။

ပွဲအစီအစဉ်ကြေညာသူ အဖြစ် ဂျင်မီကင်မဲက ဆောင်ရွက်သွားခဲ့ပါတယ်။ ဒီနှစ် Emmy ဆုပေးပွဲမှာတော့ Schitt’ Creek, Succession နဲ့ Watchmen စီးရီးတွေကတော့ ဆုအများစု ရရှိသွားခဲ့ပါတယ်။ Watchmen စီးရီးက ခေါင်းဆောင်သရုပ်ဆောင် ရဂျီနာကင်းက အကောင်းဆုံးဦးဆောင် အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့သလို၊ Euphoria က ဇန်ဒါရာကလည်း ဒရာမာက အကောင်းဆုံးဦးဆောင် အမျိုးသမီးသရုပ်ဆောင်ဆု ဆွတ်ခူးခဲ့ပါတယ်။

မာ့ခ်ရပ်ဖလိုးကတော့ I Know This Much Is True စီးရီးနဲ့ အကောင်းဆုံးဦးဆောင် အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««