Scaling Your Business: Grow-Connect-Leverage Business Success ခေါင်းစဉ်ဖြင့် Exclusive Conference ကျင်းပမည်

အာဆီယံ၏တီထွင်ဖန်တီးမှု အားအကောင်းဆုံးနှင့် ရာသက်ပန်သင်ကြားရေးစင်တာတစ်ခု အဖြစ် တည်ထောင် ထားတဲ့ SEAC အနေနဲ့ Scaling Your Business: Grow-Connect-Leverage Business Success)’ ခေါင်းစဉ်ဖြင့် Exclusive Conference ကို နိုဝင်ဘာ ၁၄ ရက်၊ Melia Yangon Hotel မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါ Exclusive Conference မှာ မြန်မာနိုင်ငံမှ အရည်အချင်းရှိသူတွေနဲ့ ခေါင်းဆောင်များ အရည်အသွေးတိုးတက်ရေးနှင့် အရှိန်မြှင့်တင်ရေး၊ စိတ်ဓာတ်နှင့်ယဉ်ကျေးမှုကို ၁၀ ဆ သာလွန်အောင်ပြုလုပ် ရေး၊ အောင်မြင်ရေးအတွက် အဓိကအချက်ကို လုပ်ဆောင်ခြင်း၊ လုပ်ငန်းလျင်မြန်စွာ လည်ပတ်ရေး၊ သင်၏ လုပ်ငန်းပုံစံနှင့်လုပ်ဆောင်ချက်များအား ပြန်လည်တွေးခေါ်ခြင်း၊ စနစ်တကျတွေးခေါ်ခြင်းနှင့် အောင်မြင်ခြင်းလမ်းစဉ်၊ ထိုင်းနိုင်ငံမှစီးပွားရေးလုပ်ငန်းတစ်ခု မည်သို့တိုးတက်လာပုံ စတဲ့ ခေါင်းစဉ်များအလိုက် ဆွေးနွေးခြင်း၊ ညှိနှိုင်းဖလှယ်ပွဲများ၊ စီးပွားရေးချဉ်းကပ်နည်းများ၊ ဘဝအတွေ့အကြုံများမှ အကြောင်းအရာ များကိုမျှဝေခြင်းနဲ့ နက်နဲသောအသိပညာဗဟုသုတများ ဝေမျှခြင်း စတာတွေနဲ့ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Exclusive Conference နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေနဲ့ စာရင်းပေးသွင်းခြင်းအတွက် https://www.seasiacenter.com/scalingyourbusiness/register/ သို့ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ