Save The Library (Android)




-သီဟ

[Unicode]

Save The Library ဆိုတဲ့ app ကတော့ စာအုပ်အညွှန်းတွေနဲ့ စာကြည့်တိုက် တည်နေရာတွေကိုရှာဖွေ ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားတဲ့ app တစ်ခုဖြစ်ပါတယ်။ အသစ်ထွက်ရှိတဲ့ စာအုပ်တွေနဲ့ ထွက်ရှိပြီးသား စာအုပ်တွေရဲ့ အညွှန်းတွေ ဈေးနှုန်းတွေ ကိုဖော်ပြပေးထားပါတယ်။

အဆိုပါ app ကို ထည့်သွင်း အသုံးပြုလိုသူများအနေနဲ့ Play Store ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ဖိုင်အရွယ်အစားကတော့ 3.2MB ခန့်သာရှိမှာဖြစ်ပြီး Android version 4.1 နဲ့အထက်မှာထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။

-သီဟ