SAP ၏ ႐ံုးခြဲ ျမန္မာႏိုင္ငံတြင္ဖြင့္လွစ္

[ Zawgyi ]

ဂ်ာမနီႏိုင္ငံအေျခစိုက္ SAP Software ကုမၸဏီရဲ႕ အေရွ႕ ေတာင္အာရွေဒသတြင္း ႐ံုးခြဲသစ္ဖြင့္ပြဲကို ျပဳလုပ္ခဲ့ပါတယ္။

အဲဒီ႐ံုးသစ္ဖြင့္လွစ္ျခင္း အခမ္းအနားကို ၾသဂုတ္ ၂၄ ရက္က Melia Hotel မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ႐ံုးလိပ္စာက Myanmar Center II , ကမာၻေအးဘုရားလမ္းမွာ ဖြင့္လွစ္ထားတယ္လို႔ သိရပါတယ္။ အေရွ႕ေတာင္အာရွေဒသမွာ SAP ရဲ႕ ၁၁ ခုေျမာက္႐ံုးျဖစ္ေၾကာင္း သိရပါတယ္။ “SAP အေနနဲ႔ လုပ္ငန္းႀကီးေတြ၊ အေသးစားနဲ႔ အလတ္စားလုပ္ငန္းေတြအပါအဝင္ ျပည္တြင္းပုဂၢလိကက႑က လုပ္ငန္းေတြေခ်ာေမြ႕ လည္ပတ္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္သြားမွာပါ၊ နည္းပညာနဲ႔ လူသားေတြဘဝကို တိုးတက္ျမင့္မားေအာင္ လုပ္ေဆာင္ေပးခ်င္တဲ့ ရည္ရြယ္ခ်က္ေၾကာင့္ ျပည္တြင္းမွာ အေျခစိုက္ျခင္း ျဖစ္ပါတယ္” လို႔ SAP Indochina ရဲ႕ Managing Director ျဖစ္သူ Verena Siow က ေျပာၾကားခဲ့ပါတယ္။

SAP လုပ္ငန္းဟာ စီးပြားေရးလုပ္ငန္းသံုး Application Softwar ဝန္ေဆာင္မႈကိုေပးအပ္ျခင္း ျဖစ္ကာႏိုင္ငံေပါင္း ၁၈၀ ေက်ာ္မွာ အသံုးျပဳသူ ေလးသိန္းေက်ာ္အား ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း သိရပါတယ္။ ERP Software တစ္ခုျဖစ္တဲ့ SAP Business By Design ဟာ အေသးစားနဲ႔ အလတ္စားလုပ္ ငန္းေတြအတြက္ IT နည္းပညာဆိုင္ရာ အေျခခံအေဆာက္အအံုေတြ မပါေစဘဲ အသံုးျပဳႏိုင္တဲ့ Cloud- Based, Software as a Service (SaaS) Solution ျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီ Solution ကို SAP က ကၽြမ္းက်င္ပညာရွင္ေတြရဲ႕ထိန္းသိမ္းမႈ ျပဳလုပ္ထားၿပီးေတာ့ Data Centers ေတြမွာ သိမ္းဆည္းထားေၾကာင္း သိရပါတယ္။ အဲဒီ Sloution ကို SAP နဲ႔ Vanguard Myanmar ကုမၸဏီက ပူးေပါင္းၿပီး ျပည္တြင္းမွာ ဝန္ေဆာင္မႈေပးေနတာျဖစ္ေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ဂျာမနီနိုင်ငံအခြေစိုက် SAP ဆော့ဖ်ဝဲလ်ကုမ္ပဏီရဲ့ အရှေ့ တောင်အာရှဒေသတွင်း ရုံးခွဲသစ်ဖွင့်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီရုံးသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို သြဂုတ် ၂၄ ရက်က Melia Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုံးလိပ်စာက Myanmar Center II , ကမ္ဘာအေးဘုရားလမ်းမှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှဒေသမှာ SAP ရဲ့ ၁၁ ခုမြောက်ရုံးဖြစ်ကြောင်း သိရပါတယ်။ “SAP အနေနဲ့ လုပ်ငန်းကြီးတွေ၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအပါအဝင် ပြည်တွင်းပုဂ္ဂလိကကဏ္ဍက လုပ်ငန်းတွေချောမွေ့ လည်ပတ်နိုင်ဖို့အတွက် လုပ်ဆောင်သွားမှာပါ၊ နည်းပညာနဲ့ လူသားတွေဘဝကို တိုးတက်မြင့်မားအောင် လုပ်ဆောင်ပေးချင်တဲ့ ရည်ရွယ်ချက်ကြောင့် ပြည်တွင်းမှာ အခြေစိုက်ခြင်း ဖြစ်ပါတယ်” လို့ SAP Indochina ရဲ့ Managing Director ဖြစ်သူ Verena Siow က ပြောကြားခဲ့ပါတယ်။

SAP လုပ်ငန်းဟာ စီးပွားရေးလုပ်ငန်းသုံး Application Softwar ဝန်ဆောင်မှုကိုပေးအပ်ခြင်း ဖြစ်ကာနိုင်ငံပေါင်း ၁၈၀ ကျော်မှာ အသုံးပြုသူ လေးသိန်းကျော်အား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရပါတယ်။ ERP Software တစ်ခုဖြစ်တဲ့ SAP Business By Design ဟာ အသေးစားနဲ့ အလတ်စားလုပ် ငန်းတွေအတွက် IT နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံတွေ မပါစေဘဲ အသုံးပြုနိုင်တဲ့ Cloud- Based, Software as a Service (SaaS) Solution ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ Solution ကို SAP က ကျွမ်းကျင်ပညာရှင်တွေရဲ့ထိန်းသိမ်းမှု ပြုလုပ်ထားပြီးတော့ Data Centers တွေမှာ သိမ်းဆည်းထားကြောင်း သိရပါတယ်။ အဲဒီ Sloution ကို SAP နဲ့ Vanguard Myanmar ကုမ္ပဏီက ပူးပေါင်းပြီး ပြည်တွင်းမှာ ဝန်ဆောင်မှုပေးနေတာဖြစ်ကြောင်း သိရပါတယ်။