Samsung S21 စီးရီး ဖုန်းများစွာ တင်ပို့ရောင်းချဖွယ်မရှိ

Samsung Galaxy S21 စီးရီးဖုန်းတွေမှာ အလွန်ကောင်းတဲ့ flagship ဖုန်း ၃ မျိုး ထုတ်လုပ်ထားပါတယ်။ Samsung Galaxy S21 Ultra ကတော့ ဈေးနှုန်းမြင့်မားပြီး အဆင့်မြှင့်တင်ထားပေမယ့် S21 ကတော့ ဒေါ်လာ ၈၀၀ နဲ့ပဲ ရောင်းချပါမယ်။

Samsung အနေနဲ့ ဈေးနှုန်းကို အနည်းငယ်လျှော့ချခဲ့ပေမယ့် ရောင်းအားမြှင့်တင်ဖို့ မကြိုးစားဘူးလို့ သတင်းထွက်လာပါတယ်။ Samsung ဟာ ၂၀၂၁ အတွင်း Galaxy S21 စီးရီး ထုတ်ကုန်တွေ ၂၆ သန်းပဲ တင်ပို့ရောင်းချဖို့ ခန့်မှန်းထားတယ်လို့ The Elec ကဖော်ပြခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း Galaxy S20 စီးရီးဖုန်းများစွာ ရောင်းချခဲ့ရပါတယ်။ ဒါပေမဲ့ Samsung က အဲဒီကိန်းဂဏန်းထက် ပိုမိုလျော့နည်းပြီး ခန့်မှန်းထားပါတယ်။ ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် စတိုးတွေလည်း ပိတ်ထားရတဲ့အတွက် S21 ဖုန်းရောင်းအား ထိခိုက်နိုင်တယ်လို့ Samsung ကခန့်မှန်းထားပါတယ်။

တင်ပို့ရောင်းချမှုအတွင်း Galaxy S21 မော်ဒယ် အလုံးရေ ၁၀ သန်း (၄၀ ရာခိုင်နှုန်း) တင်ပို့ဖို့ ရည်မှန်းထားပါတယ်။ Galaxy S21 Plus နဲ့ S21 Ultra ကတော့ အလုံးရေ ၈ သန်း (၃၀ ရာခိုင်နှုန်းစီ) တင်ပို့နိုင်ဖို့ အထိ Samsung က ရည်မှန်းထားပါတယ်။

-စိုးထက်
Ref: AndroidAuthority

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««