Samsung Portable SSD T7

ပေါ့ပါးပြီး လက်တစ်ဝါးစာ အရွယ်အစားသာ ရှိတဲ့ Samsung SSD T7 ဖြစ်ပါတယ်။ အထိခိုက်မခံတဲ့ အရေးကြီး အလုပ်ဖိုင်များ၊ ဂိမ်းများ၊ ဗီဒီယို၊ ရုပ်သံဖိုင်များ ထည့်သွင်း သိမ်းဆည်းနိုင်ပါတယ်။ USB 3.2 Gen 2 port ကနေ များပြားလှတဲ့ ဒေတာတွေကို အမြန်နှုန်းနဲ့ စက္ကန့်ပိုင်းအတွင်း ကူးပြောင်းပေးနိုင်မှာ ဖြစ်ပြီး သာမန် External HDD တွေထက် ၉.၅ ဆ ပိုမြန်ပါတယ်။ ခိုင်မာတဲ့ သတ္တုကိုယ်ထည်နဲ့ ဖန်တီးထားတဲ့အတွက် ၂ မီတာလောက် အမြင့်ကနေ မတော်တဆ ပြုတ်ကျပြီး ဒေတာတွေပျက်စီးစေမယ့် အန္တာရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ PCIe NVMe နည်းပညာကြောင့် Sequential Read/Write Speed က up to 1,050 MB/s , 1,000 MB/s အထိ ရရှိမှာဖြစ်ပြီး T5 SSD တွေထက် ၂ ဆ ပိုမြန်မှာပါ ။

Windows OS 7 နဲ့အထက် Mac OS 10.0 နဲ့အထက် နဲ့ Android OS 5.1 အထက်တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Capacity အနေနဲ့ 500GB, 1TB, 2TB ဆိုပြီး သုံးမျိုး ၀င်ရောက်ပါတယ်။500GB ကို အမေရိကန်ဒေါ်လာ ၁၁၂၊ 1TB ကို အမေရိကန်ဒေါ်လာ ၂၁၅ ၊ 2TB ကို အမေရိကန်ဒေါ်လာ ၃၉၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

ရွှေလမင်းနဂါး ဖုန်း – ၀၁၂၅၅၆၅၅ ကနေ တရား၀င် တင်သွင်းဖြန့်ချိတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««