Samsung OneUI 2.0 မှအဆင့်မြှင့်တင်ထားတဲ့ face recognition

Galaxy S10 ထုတ်ကုန်တွေအတွက် Android 10 Beta ကိုဖြန့်ချိခဲ့ပြီး Samsung က OneUI interface က အပြောင်းအလဲတွေကို တွေ့မြင်နိုင်ပြီ ဖြစ်ပါတယ်။ Android 10 Beta ဗားရှင်းအတွင်း feature နှစ်ခုပါဝင်လာပြီး face recognition လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ထားပါတယ်။

ပထမဆုံး feature ကတော့ alternative look လို့ခေါ်ပြီး အသွင်အပြင် ပြောင်းလဲသွားတဲ့ သုံးစွဲသူမျက်နှာကို ဖုန်းက မှတ်မိနိုင်ပါတယ်။ အဲဒီ feature မှာ သုံးစွဲသူက အသွင်ပြောင်းလဲသွားတဲ့ မျက်နှာကို အရင်ဆုံး စာရင်းသွင်းရပါမယ်။

နောက်တစ်ခုကတော့ သုံးစွဲသူက face recognition သုံးစွဲမယ်ဆိုရင် မျက်လုံးဖွင့်ထားဖို့လိုပြီး လုံခြုံရေးကို အဆင့်မြှင့်တင်ထားပါတယ်။ OneUI 2.0 ပါင်တဲ့ Android 10 Beta အသစ်ကို တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျာမနီမှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ မကြာခင်မှာ ကျန်တဲ့ဒေသတွေအတွက်လည်း ဖြန့်ချိသွားနိုင်ပါတယ်။

စိုးထက်
Ref: GSMArena