Samsung Myanmar ၏ Moving Service Team မြန်မာနိုင်ငံရှိ ဒေသအသီးသီးသို့ စတင်သွားရောက်

Samsung Myanmar ၏ Moving Service Team အနေဖြင့် မြန်မာနိုင်ငံဒေသအသီးသီးသို့ သွားရောက် လှည့်လည် ဝန်ဆောင်မှုပေးတဲ့ ခရီးစဉ်ကို စတင်ခဲ့တယ်လို့ သိရပါတယ်။

Samsung Myanmar ရဲ့ Moving Service Team အနေဖြင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ ပုသိမ်မြို့၊ ပြည်မြို့၊ မြန်မာနိုင်ငံ အထက်ပိုင်းရှိ လားရှိုးမြို့နှင့် မကွေးမြို့များသို့ နိုဝင်ဘာလ ၇ ရက် မှ ၁၇ ရက်အတွင်း တစ်ပြိုင်နက်တည်း သွားရောက်ကာ ဝန်ဆောင်မှုများပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါနယ် လှည့်ပြုပြင်ရေး ဝန်ဆောင်မှုခရီးစဉ်တွင် ကုန်ပစ္စည်း အာမခံကတ်ပြားသက်တမ်း ကျန်ရှိနေသေးတဲ့ သုံးစွဲသူ တွေအနေနဲ့ ၄င်းတို့ရဲ့ Samsung ထုတ်ကုန်များအတွက် ပစ္စည်းဖိုး၊ လက်ခရာနှုန်းပြည့် အခမဲ့ ပြုပြင်ရေးဝန်ဆောင်မှုတွေကို ရရှိနိုင်မှာဖြစ်သလို ကုန်ပစ္စည်း အာမခံကတ်ပြား သက်တမ်းကုန်ဆုံးသွားတဲ့ သုံးစွဲသူတွေအနေနဲ့ ပြုပြင်ခြင်း ဝန်ဆောင်မှုနဲ့ အပိုပစ္စည်းလဲလှယ်ခြင်းကဲ့သို့သော ဝန်ဆောင်မှုတွေကို သက်ဆိုင်ရာဒေသများရှိ Samsung အရောင်းဆိုင်များတွင် ၃၀% လျှော့ဈေးဖြင့် ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

နယ်လှည့် ဝန်ဆောင်မှုပေးခြင်း ခရီးစဉ် စတင်ခြင်း အထိမ်းအမှတ် အနေဖြင့် Samsung Myanmar အဖွဲ့ဝင်များမှ လေအေးပေးစက်နှင့် ရေခဲသေတ္တာများကို ပုသိမ်မြို့ရှိ ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့ပြီး ဆေးရုံအတွင်းရှိ လူနာအယောက် ၁၂၀ နှင့် မြို့ခံများကို အမှတ်တရလက် ဆောင်ပစ္စည်းတေတွ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ Samsung Moving Service နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို http://www.samsung.com/mm/support/moving_service/ မှာ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ