Samsung Myanmar မွ Soft Skill Training ကုိ လိြဳင္ေကာ္ၿမိဳ႕ တြင္ ျပဳလုပ္

[Zawgyi]

Samsung Myanmar မွ ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ အစိုးရနည္းပညာအထက္တန္းေက်ာင္းမွာ ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိတဲ့ Vocational Training 2018 ရဲ႕ Mobile နဲ႔ Aircon လက္ေတြ႕အသံုးခ် ျပဳျပင္တပ္ဆင္နည္းသင္တန္းေတြရဲ႕ Soft Skill Training ကို ေမလ ၁၄ ရက္က ျပဳလုပ္ခဲ့ပါတယ္။ 

” ဒီလြိဳင္ေကာ္ၿမိဳ႕က ေက်ာင္းသား၊ ေက်ာင္းသူေတြက ၿမိဳ႕ျပနဲ႔ အလွမ္းေ၀းတာေၾကာင့္ နည္းပညာနဲ႔ သိပ္မရင္းႏွီးၾကေပမယ့္ တကယ္ကို စိတ္အားထက္ထက္သန္သန္နဲ႔ ႀကိဳးစားသင္ယူၾကတာကို ေတြ႕ရပါတယ္။ အထူးသျဖင့္ လက္ေတြ႕သင္ခန္းစာေတြမွာ တက္တက္ၾကြၾကြ ရွိၾကပါတယ္။ အခက္အခဲကေတာ့ တစ္ခုပဲရွိပါတယ္။ အဲဒါကေတာ့ တုိင္းရင္းသားေတြျဖစ္တဲ့အတြက္ ဘာသာစကားအခက္အခဲပါ။ ဒါေပမဲ့ နားလည္ေအာင္ ႀကိဳးစားၾကတာကို ေတြ႕ရပါတယ္” လုိ႔ သင္တန္းဆရာ ဦးကိုကိုေအာင္ကေျပာပါတယ္။

အဆိုပါသင္တန္းမွာ Mobile နဲ႔ AirCon လက္ေတြ႕အသံုးခ် ျပဳျပင္ တပ္ဆင္နည္းဆုိၿပီး ႏွစ္ပုိင္းခြဲျခားကာ သင္ၾကားေပးခဲ့ပါတယ္။ ဒါ့အျပင္ Samsung Myanmar ရဲ႕ Customer Service ဌာနက တာ၀န္ရွိသူ ကုိထြန္းေအာင္က သိထားသင့္တဲ့ ဗဟုသုတနဲ႔ အခ်က္အလက္ေတြကုိ သင္တန္းမွာ ေ၀မွ်ေပးခဲ့ပါတယ္။

 

[Unicode]

Samsung Myanmar မှ ကယားပြည်နယ်၊ လွိုင်ကော်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိတဲ့ Vocational Training 2018 ရဲ့ Mobile နဲ့ Aircon လက်တွေ့အသုံးချ ပြုပြင်တပ်ဆင်နည်းသင်တန်းတွေရဲ့ Soft Skill Training ကို မေလ ၁၄ ရက်က ပြုလုပ်ခဲ့ပါတယ်။

” ဒီလွိုင်ကော်မြို့က ကျောင်းသား၊ ကျောင်းသူတွေက မြို့ပြနဲ့ အလှမ်းဝေးတာကြောင့် နည်းပညာနဲ့ သိပ်မရင်းနှီးကြပေမယ့် တကယ်ကို စိတ်အားထက်ထက်သန်သန်နဲ့ ကြိုးစားသင်ယူကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် လက်တွေ့သင်ခန်းစာတွေမှာ တက်တက်ကြွကြွ ရှိကြပါတယ်။ အခက်အခဲကတော့ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ တိုင်းရင်းသားတွေဖြစ်တဲ့အတွက် ဘာသာစကားအခက်အခဲပါ။ ဒါပေမဲ့ နားလည်အောင် ကြိုးစားကြတာကို တွေ့ရပါတယ်” လို့ သင်တန်းဆရာ ဦးကိုကိုအောင်ကပြောပါတယ်။

အဆိုပါသင်တန်းမှာ Mobile နဲ့ AirCon လက်တွေ့အသုံးချ ပြုပြင် တပ်ဆင်နည်းဆိုပြီး နှစ်ပိုင်းခွဲခြားကာ သင်ကြားပေးခဲ့ပါတယ်။ ဒါ့အပြင် Samsung Myanmar ရဲ့ Customer Service ဌာနက တာဝန်ရှိသူ ကိုထွန်းအောင်က သိထားသင့်တဲ့ ဗဟုသုတနဲ့ အချက်အလက်တွေကို သင်တန်းမှာ ဝေမျှပေးခဲ့ပါတယ်။