Samsung M15 မှာ 12MP ultrawide angle ကင်မရာ ပါဝင်နိုင်

Samsung Galaxy M51 ရဲ့ CAD အခြေခံ သရုပ်ဖော်ပုံတွေ ထွက်ပေါ်လာပါတယ်။ Galaxy M51 ကျောဘက်ကင်မရာကတော့ ၃ လုံး ဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ M51 ကျောဘက်ကင်မရာက 64MP အပါအဝင် ကင်မရာ ၄ လုံးလို့ ဆိုပါတယ်။ SamMobile ကတော့ 12MP ultrawide အပါအဝင် အဓိက ကင်မရာ 64MP လည်းပါဝင်တယ်လို့ ဖော်ပြပါတယ်။

Galaxy M51 ရဲ့မော်ဒယ်နံပါတ်ကတော့ SM-M515F ဖြစ်တယ်လို့ Geekbench မှာထွက်ပေါ်ခဲ့ပါတယ်။ Galaxy M51 ဖုန်းမှာ Snapdragon 675 SoC, RAM 8GB နဲ့ Android 10 ပါဝင်တယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။

Samsung အနေနဲ့ Galaxy M51 မိတ်ဆက်မယ့်ရက်ကို မထုတ်ပြန်သေးပါဘူး။ စက်တင်ဘာလအတွင်း အိန္ဒိယမှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

စိုးထက်
Ref: GSMArena