Samsung Galaxy Z Fold2 အား မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်ပြီ

Samsung Electronics ကုမ္ပဏီရဲ့ မျိုးဆက်သစ် မျက်နှာပြင်ခေါက်ဖုန်း Samsung Galaxy Z Fold2 ကို မြန်မာနိုင်ငံမှာ မြန်မာငွေ ကျပ် ၃,၀၉၉,၀၀၀ ဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

“ကျွန်တော်တို့ Samsung အနေနဲ့ နောက်လာမယ့် မျိုးဆက်သစ် မိုဘိုင်းဖုန်းတွေကို ကိုယ်ပိုင်ဟန်အပြည့်၊ ဆန်းသစ်တီထွင်မှု အပြည့်နဲ့ ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုတွေ၊ အကြံပြုချက်တွေကို သေသေချာချာ အလေးထား နားထောင်နေပြီး ပိုမို အဓိပ္ပာယ်ရှိတဲ့ hardware ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေကို လုပ်ဆောင်နေတဲ့အပြင် တစ်ချိန်တည်းမှာပဲ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ရရှိသွားနိုင်စေမယ့် ဆန်းသစ်ဖန်တီးမှုတွေကိုလည်း ယူဆောင်လာပေးဖို့ အစဉ်တစိုက် လုပ်ဆောင်နေပါတယ်။ ဒီအချက်ကို အခု မိတ်ဆက်လိုက်တဲ့ Galaxy Z Fold2 စမတ်ဖုန်းက သက်သေပြနေပါတယ်။ ဒါကြောင့် ဒီ Galaxy Z Fold2 မျက်နှာပြင်ခေါက်ဖုန်း အသစ်ဟာ တစ်မူထူးခြားတဲ့ ထုတ်ကုန်တစ်ခု ဖြစ်ရုံသာမက ကျွန်တော်တို့ Samsung အတွက် ဆန်းသစ်တီထွင်မှုဆိုင်ရာ သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားပါတယ်။

Galaxy Z Fold2 မှာ 4,500 mAh ဘက်ထရီ နဲ့အတူ SuperFast charging စနစ်ကိုလည်း ထည့်သွင်းပေး ထားပြီး Samsung DeX ကြိုးမဲ့ချိတ်ဆက်မှုစနစ် ပါရှိပါတယ်။ UWB (Ultra-Wide Band) နည်းပညာကိုလည်း ထည့်သွင်းပေးထားတဲ့အတွက် ဖိုင်များ၊ ဓာတ်ပုံများနဲ့ ဗွီဒီယိုများကို Nearby Share လုပ်ဆောင်ချက်မှတစ်ဆင့် အလွယ်တကူ မြန်ဆန်စွာ မျှဝေသွားနိုင်မှာပါ။

မြန်မာနိုင်ငံမှ သုံးစွဲသူတွေ အနေနဲ့ Galaxy Z Fold2 စမတ်ဖုန်းအား Mystic Black (အနက်ရောင်) နဲ့ Mystic Bronze (ကြေးရောင်) နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ကာ ဝယ်ယူသူတွေ အနေနဲ့ ဖုန်းကာဗာ တစ်ခုနဲ့ UV Sterilizer တစ်ခုအား အထူးလက်ဆောင် အဖြစ် ရရှိမှာလည်းဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««