Samsung Galaxy Z Fold 2 5G သရုပ်ဖော်ပုံထွက်လာ

ကောလာဟလထွက်ပေါ်နေတဲ့ Samsung Galaxy Z Fold 2 5G ကို ဩဂုတ် ၅ ရက် Unpacked ပွဲမှာ မိတ်ဆက်ပါမယ်။

အခုထွက်ပေါ်လာတဲ့ သရုပ်ဖော်ပုံအရ Samsung Galaxy Z Fold 2 5G ကိုကြေးနီရောင်နဲ့ အနက်ဆိုပြီး ထုတ်လုပ်ဖွယ်ရှိပါတယ်။

Samsung Galaxy Z Fold 2 5G မှာ punch hole selfie ကင်မရာနဲ့ ဘေးဘက်မှာ notch အကြီးစားတစ်ခုပါဝင်လာပါတယ်။ အပြင်က မျက်နှာပြင်က တိုးတက်မှုရှိပြီး အနားစွန်းအထိ ဆွဲဆန့်ထားပါတယ်။ အဲဒီမျက်နှာပြင်မှာ punch hole selfie ကင်မရာပါဝင်လာပါတယ်။

ကျောဘက်ကင်မရာ ဒီဇိုင်းကတော့ Galaxy Note 20 နဲ့ဆင်ပါတယ်။ထွက်ပေါ်နေတဲ့သတင်းအရ အပြင်ဘက် display အရွယ်အစားက ၆.၂၃ လက်မနဲ့ အတွင်းဘက် မျက်နှာပြင်က ၇.၇လက်မရှိပြီး Super AMOLED တွေပဲ ဖြစ်ပါတယ်။ အတွင်းဘက်မျက်နှာပြင်မှာ refresh rate 120Hz ပါဝင်လာပါတယ်။ ကျောဘက်က ကင်မရာ ၃ လုံးဖြစ်ပြီး 12MP+ 64MP+ 12MP ဖြစ်ကာ အတွင်းဘက် selfie ကင်မရာကတော့ 10MP ဖြစ်ပါတယ်။ Storage ကတော့ 512GB ဖြစ်ပြီး 5G ထောက်ပံ့မှုပါဝင်လာပါတယ်။

စုစုပေါင်းဘက်ထရီကတော့ 4,356mAh နဲ့ 15W ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာနိုင်ပါတယ်။

-စိုးထက်
Ref: GSMArena