Samsung Galaxy Z Fold 2 ဗီဒီယိုထွက်ပေါ်

Samsung ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Unpacked ပွဲမှာ Galaxy Z Fold 2 ကိုမိတ်ဆက်ထားပေမယ့် အသေးစိတ်တော့ မထုတ်ပြန်ခဲ့ပါဘူး။ Samsung အနေနဲ့ အသေးစိတ် အချက်အလက်နဲ့ ဈေးနှုန်းကို စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်နိုင်ပါတယ်။ အခုဆိုရင် Galaxy Z Fold 2 ကိုပြသထားတဲ့ ဗီဒီယိုတစ်ခု ထွက်ထားပါတယ်။

Galaxy Z Fold 2 အဓိက display အလယ်မှာ ခေါက်ရာတစ်ခု ပါဝင်လာတာ တွေ့ရတယ်။ Galaxy Z Flip မှာပါဝင်တဲ့ Flex Mode လည်းပါဝင်ပြီး ခေါက်ရာပုံစံအသစ်အတွက် ပတ္တာကို ဒီဇိုင်းပြောင်းလဲထားပါတယ်။

Galaxy Z Fold 2 ပြင်ပ မျက်နှာပြင်က ၆.၂ လက်မရှိပြီး 120Hz display mode အတွက် toggle တွေလည်း ပါဝင်တာကို မြင်ရပါတယ်။

-စိုးထက်
Ref: GSMArena

စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast လေးမှာ Subscription လုပ်ထားလိုက်နော်….