Samsung Galaxy X ေခါက္စမတ္ဖုန္းတြင္ ေခါက္ႏိုင္သည့္ဘက္ထရီ ပါဝင္မည္

[ Zawgyi ]

ေကာလာဟလထြက္ေပၚေနတဲ့ Samsung ရဲ႕ Galaxy X ေခါက္စမတ္ဖုန္းမွာ ေခါက္ႏိုင္တဲ့ display panel ေတြအျပင္ ေခါက္ႏိုင္တဲ့ ဘက္ထရီလည္း ပါဝင္လာမယ္လို႔ ITHome က ေဖာ္ျပခဲ့ပါတယ္။

ဘက္ထရီရဲ႕ ပမာဏက 3,000mAh ကေန 6,000mAh အတြင္း ရိွႏိုင္တယ္လို႔ ဆိုပါတယ္။ Galaxy X ကို ဖြင့္လိုက္တဲ့အခါ screen က ၇.၃ လက္မရိွၿပီး ေခါက္ထားတဲ့အခါ ၄.၅ လက္မရိွတာေၾကာင့္ ပမာဏမ်ားျပားတဲ့ ဘက္ထရီပါဝင္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီဘက္ထရီကို Samsung SDI က ဖန္တီးထားတာျဖစ္ၿပီး V ပံုသဏၭာန္ရိွတယ္လို႔ သိရပါတယ္။ Galaxy X ကို လာမယ့္ႏွစ္ အေစာပိုင္းမွာ ေတြ႕ျမင္ရမယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး Samsung က အတည္ျပဳထားျခင္း မရိွေသးပါဘူး။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

ကောလာဟလထွက်ပေါ်နေတဲ့ Samsung ရဲ့ Galaxy X ခေါက်စမတ်ဖုန်းမှာ ခေါက်နိုင်တဲ့ display panel တွေအပြင် ခေါက်နိုင်တဲ့ ဘက်ထရီလည်း ပါဝင်လာမယ်လို့ ITHome က ဖော်ပြခဲ့ပါတယ်။

ဘက်ထရီရဲ့ ပမာဏက 3,000mAh ကနေ 6,000mAh အတွင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။ Galaxy X ကို ဖွင့်လိုက်တဲ့အခါ screen က ရ.၃ လက်မရှိပြီး ခေါက်ထားတဲ့အခါ ၄.၅ လက်မရှိတာကြောင့် ပမာဏများပြားတဲ့ ဘက်ထရီပါဝင်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

ဒီဘက်ထရီကို Samsung SDI က ဖန်တီးထားတာဖြစ်ပြီး V ပုံသဏ္ဌာန်ရှိတယ်လို့ သိရပါတယ်။ Galaxy X ကို လာမယ့်နှစ် အစောပိုင်းမှာ တွေ့မြင်ရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Samsung က အတည်ပြုထားခြင်း မရှိသေးပါဘူး။

-နောင်နောင်
Ref: GSMArena