Samsung Galaxy Watch Active 2 ဓာတ်ပုံတွေ ထွက်ရှိလာ

[Zawgyi]



စိုးထက်
Ref: GSMArena

[Unicode]

အသစ်ထွက်ရှိမယ့် Samsung Galaxy Watch Active 2 သတင်းတွေ ထွက်ပေါ်နေတာ ၁ လနီးပါး ရှိပါပြီ။ အခုဆိုရင် Galaxy Watch Active 2 စမတ်နာရီရဲ့ အရွယ်အစား သရုပ်ဖော်ပုံအမျိုးမျိုး ထွက်လာပါတယ်။ ဓာတ်ပုံတွေမှာ အရောင်အမျိုးမျိုးနဲ့ လက်ပတ်ကြိုး အမျိုးမျိုးကိုလည်း ထည့်သွင်းထားပါတယ်။

အခုဓာတ်ပုံတွေက Evan Blass ဆီက ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Samsung Galaxy Watch Active 2 စမတ်နာရီပုံစံကို အနီးကပ်ကြည့်နိုင်ပြီး အရွယ်တစ်ခုစီက case အရောင် ၃ မျိုး ဖော်ပြထားပါတယ်။ အရွယ်သေးငယ်တဲ့ ၄၀ မီလီမီတာမှာ သားရေသားလက်ပတ်တွေ ပါဝင်သလို ၄၄ မီလီမီတာမှာတော့ ဆီလီကွန်လက်ပတ်တွေ ထည့်သွင်းထားပါတယ်။

Galaxy Watch Active 2 စမတ်နာရီကို သြဂုတ်လ ၅ ရက်မှာ ပွဲမပြုလုပ်ဘဲ အွန်လိုင်းကနေ ထုတ်ဖော်မိတ်ဆက်မယ်လို့ သိရပါတယ်။
စိုးထက်
Ref: GSMArena