Samsung Galaxy Watch 3 Uboxing ဗီဒီယိုထွက်ပေါ်လာ

The Mobile Central ဆိုတဲ့ YouTube channel ပေါ်မှာ အသစ်မိတ်ဆက်မယ့် Samsung Galaxy Watch 3 ကို unboxing လုပ်ပြီး ပြသသလို ချိတ်ဆက်ပြတဲ့ ဗီဒီယို ထွက်လာပါတယ်။

ဗီဒီယိုအရ တရားဝင် မိတ်မဆက်ခင်မှာ ယူအေအီးမှာ စတင်ရောင်းချခဲ့ပါတယ်။

ဗီဒီယိုမှာပါဝင်တဲ့ Galaxy Watch 3 အရောင်က ကြေးနီဖြစ်ပြီး ၄၁ မီလီမီတာဗားရှင်း ဖြစ်ကာ မော်ဒယ်နံပါတ်က SM-R850 ဖြစ်ပါတယ်။ Galaxy Watch 3 ကတော့ ကြီးမားတဲ့ Fronter ဗားရှင်း ဖြစ်ပါတယ်။

Galaxy Watch 3 မှာ ကြီးမားတဲ့ လက်ပတ်ပါဝင်တယ်။ နာရီကိုယ်ထည်ကလည်း အရည်အသွေးမြင့်တယ်လို့ ဗီဒီယိုတင်သူက သုံးသပ်ထားပါတယ်။ နာရီရဲ့ ၄၁ မီလီမီတာ အရွယ်ကတော့ လက်သေးငယ်တဲ့သူတွေအတွက်ပဲ ဖြစ်ပါတယ်။ နာရီမှာ လှည့်နိုင်တဲ့ ဘေးဘောင်ပါဝင်လာပြီး UI ကလည်း လှပပါတယ်။

-စိုးထက်
Ref: GSMArena