Samsung Galaxy Watch ကို Note 9 နဲ႔အတူ ၾသဂုတ္ ၂၄ တြင္ ေရာင္းခ်မည္

[ Zawgyi ]

Samsung Electronics ရဲ႕ စမတ္နာရီသစ္ကို အသစ္ထြက္မယ့္ Galaxy Note 9 နဲ႔အတူ ၾသဂုတ္ ၂၄ ရက္မွာ ေရာင္းခ်သြားမယ္လို႔ ZDNet Korea က ေဖာ္ျပခဲ့ပါတယ္။

အဆိုပါ စမတ္နာရီသစ္ကို Galaxy Watch လို႔ေခၚဆိုမွာ ျဖစ္ပါတယ္။ အဲ့ဒီစမတ္နာရီကို အရြယ္အစား ႏွစ္မ်ိဳးနဲ႔ရရိွႏိုင္ၿပီး Tizen operating system အသံုးျပဳထားတယ္လို႔ သတင္းမွာ ေဖာျ္ပထားပါတယ္။

Galaxy Watch ကို Galaxy Note 9 နဲ႔အတူ ၾသဂုတ္လ ၉ ရက္၊ နယူးေယာက္မွာ ပြဲထုတ္မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ Galaxy Note 9 လိုပဲ Galaxy Watch ကို ၾသဂုတ္ ၁၄ ရက္မွာ ႀကိဳတင္မွာယူမႈ စတင္ျပဳလုပ္ႏိုင္ၿပီး ၾသဂုတ္ ၂၄ ရက္မွာ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

ဒါဟာ Samsung က စမတ္နာရီမွာ Galaxy Watch ဆိုတဲ့ နာမည္ကို ပထမဆံုး အသံုးျပဳတာ ျဖစ္ပါတယ္။ အရင္ထုတ္ကုန္ေတြတုန္းက Gear အမွတ္တံဆိပ္ကိုသံုးခဲ့ၿပီး Galaxy Gear, Gear S, Gear Sports အစရိွတာေတြကို Mobile World Congress နဲ႔ IFA တို႔မွာ ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။

စမတ္ဖုန္းနဲ႔ နာရီေတြအတြက္ အခမ္းအနားေတြကို သီးျခားက်င္းပတာဟာ မားကတ္တင္း အက်ိဳးေက်းဇူး အနည္းငယ္ရရိွေပမယ့္ Galaxy အမွတ္တံဆိပ္ကို လူသိပိုမ်ားေစဖို႔အတြက္ ထုတ္ကုန္ေတြကို အတူတကြ မိတ္ဆက္တာက ပိုေကာင္းတယ္လို႔ ZDNet Korea က ေျပာၾကားခဲ့ပါတယ္။

Ref: ZDNet

[ Unicode ]

Samsung Electronics ရဲ့ စမတ်နာရီသစ်ကို အသစ်ထွက်မယ့် Galaxy Note 9 နဲ့အတူ သြဂုတ် ၂၄ ရက်မှာ ရောင်းချသွားမယ်လို့ ZDNet Korea က ဖော်ပြခဲ့ပါတယ်။

အဆိုပါ စမတ်နာရီသစ်ကို Galaxy Watch လို့ခေါ်ဆိုမှာ ဖြစ်ပါတယ်။ အဲ့ဒီစမတ်နာရီကို အရွယ်အစား နှစ်မျိုးနဲ့ရရှိနိုင်ပြီး Tizen operating system အသုံးပြုထားတယ်လို့ သတင်းမှာ ဖောြ်ပထားပါတယ်။

Galaxy Watch ကို Galaxy Note 9 နဲ့အတူ သြဂုတ်လ ၉ ရက်၊ နယူးယောက်မှာ ပွဲထုတ်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ Galaxy Note 9 လိုပဲ Galaxy Watch ကို သြဂုတ် ၁၄ ရက်မှာ ကြိုတင်မှာယူမှု စတင်ပြုလုပ်နိုင်ပြီး သြဂုတ် ၂၄ ရက်မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဒါဟာ Samsung က စမတ်နာရီမှာ Galaxy Watch ဆိုတဲ့ နာမည်ကို ပထမဆုံး အသုံးပြုတာ ဖြစ်ပါတယ်။ အရင်ထုတ်ကုန်တွေတုန်းက Gear အမှတ်တံဆိပ်ကိုသုံးခဲ့ပြီး Galaxy Gear, Gear S, Gear Sports အစရှိတာတွေကို Mobile World Congress နဲ့ IFA တို့မှာ ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

စမတ်ဖုန်းနဲ့ နာရီတွေအတွက် အခမ်းအနားတွေကို သီးခြားကျင်းပတာဟာ မားကတ်တင်း အကျိုးကျေးဇူး အနည်းငယ်ရရှိပေမယ့် Galaxy အမှတ်တံဆိပ်ကို လူသိပိုများစေဖို့အတွက် ထုတ်ကုန်တွေကို အတူတကွ မိတ်ဆက်တာက ပိုကောင်းတယ်လို့ ZDNet Korea က ပြောကြားခဲ့ပါတယ်။

Ref: ZDNet