Samsung Galaxy Watch ကို အရွယ်အစားနှစ်မျိုးနဲ့ ရနိုင်မည်

[Zawgyi]





Ref: Geeky-Gadgets

-နောင်နောင်

[Unicode]

Samsung Galaxy Watch ကို နောက်လမှာ Samsung Galaxy Note 9 နဲ့အတူ တရားဝင် မိတ်ဆက်မှာဖြစ်ပါတယ်။

Samsung ဟာ အဆိုပါ ထုတ်ကုန်သစ်နှစ်မျိုးစလုံးကို သြဂုတ် ၉ ရက်မှာကျင်းပမယ့် Samsung Unpacked အခမ်းအနားမှာ ပွဲထုတ်မိတ်ဆက်ပြီး သြဂုတ်လကုန်မတိုင်ခင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

Samsung Galaxy Watch ဟာ မကြာသေးခင်က အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင်မှာ ထွက်ပေါ်လာခဲ့ပြီး အရွယ်အစားနှစ်မျိုးနဲ့ ရရှိနိုင်မယ်လို့ ဆိုပါတယ်။

Galaxy Watch စမတ်နာရီတစ်ခုမှာ ၁.၁၉ လက်မ display တစ်ခုပါဝင်ပြီး ကျန်တစ်ခုမှာတော့ အရွယ်ပိုကြီးတဲ့ ၁.၃ လက်မ display ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Galaxy Watch မှာ WiFi ရော LTE ပါ အသုံးပြုနိုင်ပြီး မော်ဒယ်တစ်ခုစီကို ဗားရှင်းအများအပြားနဲ့ ရောင်းချသွားမယ်လို့လည်း သိရပါတယ်။

Ref: Geeky-Gadgets

-နောင်နောင်