Samsung Galaxy Tab S7 အချက်အလက်တွေ Geekbench မှာထွက်ပေါ်လာ

Samsung Galaxy Tab S7 ဟာ ဇူလိုင် ဒါမှမဟုတ် ဩဂုတ်လမှာ ထွက်ရှိမယ်လို့ သတင်းထွက်နေပါတယ်။ Samsung ဟာ Galaxy Tab S7+ မိတ်ဆက်မယ် လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။

အဲဒီထုတ်ကုန်ရဲ့ အဓိက အချက်အလက်တွေ Geekbench မှာ ထွက်လာပါတယ်။ Galaxy TabS7+ မော်ဒယ်နံပါတ်က SM-T976B ဖြစ်ပြီး Android 10 နဲ့ RAM 6GB ပါဝင်တယ်လို့ သိရပါတယ်။

Geekbench အချက်အလက် စာရင်းသွင်းထားပုံအရ Galaxy Tab S7+ မှာပါဝင်တဲ့ motherboard ကို “kona” လို့ဖော်ပြထားပါတယ်။ အဲဒီအမည်က Snapdragon 865 SoC နဲ့ကိုက်ညီမှု ရှိပါတယ်။ ဒါ့အပြင် Galaxy Tab S7+ မှာ Snapdragon 865 chipset ပါဝင်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့လည်း ကိုက်ညီပါတယ်။

Geekbench က Galaxy Tab S7+ အခြားအချက်တွေတော့ မဝေမျှခဲ့ပါဘူး။ ကောလာဟလအရ Galaxy Tab S7+ မှာ မျက်နှာပြင် ၁၂.၄ လက်မ 120Hz display နဲ့ ဘက်ထရီ 9,800 mAh နဲ့ 5G ကွန်ရက် ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena