Samsung Galaxy Tab S4

တန်ဖိုး – ကန်ဒေါ်လာ ၅၄၈

အားသာချက်

Display ပိုင်းကောင်းမွန်တာက ဒီ tablet ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာပိုင်းလည်း ကောင်းမွန်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အားနည်းချက်

S-Pen ပါဝင်ပေမယ့် သုံးစွဲရတာကတော့ သိပ်တော့ မကောင်းပါဘူး။ Keyboard cover မပါဝင်တဲ့အတွက် အသုံးပြုလိုတယ်ဆိုရင်ကန်ဒေါ်လာ ၁၄၉ ခန့်ထပ်မံ ကုန်ကျနိုင်ပါတယ်။

သေးစိတ်ဖော်ပြချက်

Qualcomm Snapdragon 835 chip ကို အသုံးပြုထားပြီး RAM ကတော့ 4GB ပါဝင်မှာဖြစ်ပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 64GB ပမာဏရှိတဲ့ storage ကို ထည့်သွင်း ပေးထားပါတယ်။ Display screen အရွယ်အစားကတော့ ၁၀.၅ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 2560 x 1600 ဖြစ်ပါတယ်။ ဒီ tablet မှာအသုံပြုထားတဲ့ Operating System ကတော့ Android 8.1 (Oreo) ဖြစ်ပါ တယ်။ USB 3.1 (Type C) စနစ်နဲ့ဖြစ်ပြီး စပီကာလေးခု ပါဝင်ကာ Dolby Atmos စ နစ်ကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကင်မရာ က 13 megapixels ရှိမှာဖြစ်ပြီး စကရင်ဘက်အခြမ်းကတော့ 8 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီမှာ Fast charging စနစ်ပါဝင်ပြီး ဘက်ထရီ သိပ်သည်းဆကတော့ 7300mAh ရှိမှာဖြစ်ပါတယ်။

-သီဟ