Samsung Galaxy Tab S2 9.7

တန်ဖိုး – ကန်ဒေါ်လာ ၄၆၇.၄၈ (Amazon Price)

အားသာချက်

ပါးလွှာပြီး ပေါ့ပါးတဲ့ ဒီဇိုင်းပုံစံနဲ့ ဖန်တီးထားသလို Microsoft office ကို တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Sa-msung TV တွေနဲ့ချိတ်ဆက်ပြီး streaming ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီပိုင်းကတော့ အရမ်းထူးခြားတာမျိုး တွေ့မြင်ရမှာမဟုတ်ဘဲ ပုံမှန် tablet တွေနဲ့ သိပ်ကွာခြားလှတာမျိုးရှိမှာ မဟုတ်ပါဘူး ။ ဒါ့အပြင် ကင်မရာကောင်းကောင်း အသုံးပြုချင်သူတွေအနေနဲ့ ဒီ tablet မှာသုံးစွဲထားတဲ့ ကင်မရာနဲ့ ဆိုရင် သိပ်စိတ်တိုင်းကျလောက်မှာမဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

Samsung Exynos 5433 Octa-Core Chipset ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.9 GHz ရှိမှာဖြစ်ပါတယ်။ RAM 3GB SDRAM ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 32GB ပမာဏရှိတဲ့ storage ပါဝင်မှာဖြစ်ပါတယ်။ Display အရွယ်အစားကတော့ ၉.၇ လက်မခန့် (Screen resolution 2048 x 1536) ရှိမှာဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ Operating System က Android 6.0 Marshmallow ဖြစ်ပါတယ်။ ကင်မရာပိုင်းကတော့ rear camera က 8 megapixels ရှိမှာဖြစ်ပြီး front camera က 2.1 megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းကတော့ အကြမ်းဖျဉ်း ၉ နာရီခန့်သာ အသုံးပြုနိုင်မှာပါ။

Ref: techradar

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««