Samsung Galaxy Tab E Lite Kids Edition

တန်ဖိုး – ကန်ဒေါ်လာ ၁၂၇.၉၉ (Amazon Price)

အားသာချက်

ကလေးတွေ အသုံးပြုဖို့အတွက် ထုတ်လုပ်ထားတဲ့ tablet ဖြစ်လို့ tablet အသုံးပြုမှုကို ထိန်းချုပ်နိုင်မယ့် parental control တွေကို ထည့်သွင်းပေးထားပါတယ်။ ပညာရေးသင်ထောက်ကူ စာအုပ်တွေနဲ့ ဂိမ်းတွေကို အသုံးပြုနိုင်မယ့် Samsung kids service library လည်း ပါဝင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

အားနည်းချက်ကတော့ memory ပါဝင်မှု နည်းပါးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရောင်ကလည်း အစိမ်းရောင်တစ်ရောင်တည်းကိုသာ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Quad-Core CPU ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM ကတော့ 1GB DDR3 သာ ပါဝင်မှာဖြစ်ပြီးအချက် အလက်တွေသိမ်းဆည်းဖို့အတွက် storage space ကတော့ 8GB ခန့်သာရှိမှာဖြစ်ပါတယ်။ Display အရွယ်အစားကတော့ ၇ လက်မခန့်သာ ရှိမှာဖြစ်ပါတယ်။ Tablet ရဲ့ screen resolution ကတော့ 1024 x 600 ဖြစ်ပါတယ်။ Samsung Galaxy Tab E Lite Kids Edition မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android version 4.4 ဖြစ်ပြီး ကလေးတွေအတွက် ရေပန်းစားတဲ့ app ၂၀ ကျော်ခန့်ကိုလည်း အဆိုပါ tablet ထဲမှာ ထည့်သွင်းပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««