Samsung Galaxy Tab E Lite Kids Edition

တန်ဖိုး – ကန်ဒေါ်လာ ၁၂၇.၉၉ (Amazon Price)

အားသာချက်

ဈေးနှုန်းချိုသာတာကတော့ ဒီ tablet ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇိုင်းပိုင်းနဲ့ အရည်အသွေးကလည်း ကောင်း မွန်တာကို တွေ့ရမှာဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီသက်တမ်းအရမ်း ကောင်းမွန်တာမျိုးကိုတော့တွေ့ ရမှာမဟုတ်ပါဘူး။ Display ပိုင်း ကလည်း အရမ်းကြီး ကောင်း မွန်တာမျိုး တွေ့မြင်ရမှာ မဟုတ် ပါဘူး။

အသေးစိတ်ဖော်ပြချက်

Quad-Core 1.3GHz CPU ကိုအသုံးပြုထားပြီး RAM ပ မာဏကတော့ 1GB သာရှိမှာဖြစ် ပါတယ်။ အချက်အလက်ထည့် သွင်းသိမ်းဆည်းဖို့အတွက် storage ပမာဏကတော့ 8GB ပမာဏရှိတဲ့ storage ကိုအသုံး ပြုထားပါတယ်။ Display screen resolution ကတော့ 1024 x 600 ရှိမှာဖြစ်ပြီး screen အရွယ်အစားကတော့ ရ လက်မခန့်ရှိမှာဖြစ်ပါတယ်။မ တော်တဆထိခိုက်တဲ့ ဒဏ်တွေက ခံနိုင်စေဖို့အတွက် ဘေးဘောင် တွေကို ရာဘာအစွပ်တွေနဲ့ စွပ်ပေး ထားပါတယ်။ ကွန်ရက်ချိတ်ဆက် ဖို့အတွက် Wi-Fi ကိုသာ အ သုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android version 4.4 ဖြစ်ပါတယ်။ ကင် မရာပိုင်းမှာတော့ နောက်ကင်မရာ တစ်ခုသာပါဝင်မှာဖြစ်ပြီး 2 megapixels သာရှိမှာဖြစ်ပါ တယ်။ဘက်ထရီကိုတော့ Li-Ion 3,600 mAh အမျိုးအစားအသုံး ပြုထားပါတယ်။ အင်တာနက် တောက်လျှောက်အသုံးပြုမယ် ဆိုရင် ၉ နာရီခန့်အသုံးခံနိုင်မှာ ဖြစ်ပြီး သီချင်းနားထောင်မယ်ဆို ရင် ရ၁ နာရီခန့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

-သီဟ