Samsung Galaxy Tab E Lite Kids Edition
[ Zawgyi ]
အားသာချက်
အားနည်းချက်
အသေးစိတ်ဖော်ပြချက်
-သီဟ
[ Unicode ]
တန်ဖိုး – ကန်ဒေါ်လာ ၁၂၇.၉၉ (Amazon Price)
အားသာချက်
ကလေးတွေ အသုံးပြုဖို့အတွက် ထုတ်လုပ်ထားတဲ့ tablet ဖြစ်လို့ မိဘတွေ tablet အသုံးပြုမှုကို ထိန်းချုပ်နိုင်မယ့် parental control ကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ပညာရေး သင်ထောက်ကူ စာအုပ်တွေနဲ့ ဂိမ်းတွေကို အသုံးပြုနိုင်ရန် Samsung kids service library လည်း ပါဝင်မှာ ဖြစ်ပါတယ်။
အားနည်းချက်
ဒီ tablet ရဲ့ အားနည်းချက်ကတော့ memory ပါဝင်မှု နည်းပါးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရောင်ကလည်း အစိမ်းရောင်တစ်ရောင်ထဲသာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်ဖော်ပြချက်
Quad-Core CPU ကို အသုံးပြုထားပြီး processor မြန်နှုန်းက တော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM ကတော့ DDR3 1GB သာ ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် storage space ကတော့ 8GB ခန့်သာ ရှိမှာဖြစ်ပါတယ်။ Display screen အရွယ်အစားကတော့ ရ လက်မခန့်သာ ရှိမှာဖြစ်ပါတယ်။ ဒီ tablet ရဲ့ screen resolution ကတော့ 1024 x 600 ရှိမှာဖြစ်ပါတယ်။ Samsung Galaxy Tab E Lite Kids Edition မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android version 4.4 ကို အသုံးပြုထားပါ တယ်။ ကလေးတွေအတွက် ရေပန်းစားတဲ့ app ၂၀ ကျော်ခန့်ကိုလည်း အဆိုပါ tablet ထဲမှာ ထည့်သွင်းပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဘက်ထရီပျမ်းမျှ အသုံးပြုနိုင်မယ့် အချိန်ကတော့ ၈ နာရီကျော်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။