Samsung Galaxy Tab Active3 ကို စတင်ရောင်းချ

ပြီးခဲ့တဲ့ စက်တင်ဘာလက Samsung ဟာ အကြမ်းခံနိုင်မယ့် tablet တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Samsung Galaxy Tab Active3 8.0 ဟာ ကြမ်းတမ်းတဲ့ အလုပ်ခွင်ဝန်းကျင်မှာ အသုံးပြုဖို့ ထုတ်လုပ်ပေးသလို ဘက်ထရီလည်း တာရှည်ခံပါတယ်။

မျက်နှာပြင် ၈ လက်မအရွယ် ရှိတဲ့ tablet မှာတော့ မာကျောတဲ့ case ပါဝင်လာပါတယ်။ အမြင့် ၅ ပေကနေ ပြုတ်ကျတဲ့ဒဏ်ကနေ ခံနိုင်ရည်ရှိပြီး case မပါဘဲနဲ့ဆိုရင် ၄ ပေက ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ပါတယ်။ Tab Active3 မှာတော့ ရေစိုခံ S Pen လည်းပါဝင်လာပါတယ်။ Samsung Galaxy Tab Active3 အတွက် 64GB Wi-Fi ဗားရှင်းကိုတော့ ၄၈၉ ဒေါ်လာနဲ့ ရောင်းချပြီး LTE ဗားရှင်းကိုတော့ ၅၈၉ ဒေါ်လာနဲ့ ရောင်းချပါမယ်။ ဒါ့အပြင် 128GB ဗားရှင်းလည်း ထုတ်လုပ်ထားပြီး Wi-Fi ဗားရှင်းဆိုရင်တော့ ၅၀၉ ဒေါ်လာပဲ ကျသင့်ပါမယ်။

Tablet အောက်ခြေဘေးဘောင်မှာ ခလုတ်တွေ ပါဝင်သလို ဘေးဘောင်ကလည်း ကြီးမားပါတယ်။ ဒါ့အပြင် fingerprint scanner လည်းပါဝင်ပါတယ်။ မျက်နှာပြင် ၈ လက်မအရွယ် LCD မျက်နှာပြင်ကို လက်အိတ်စွပ်ပြီး အသုံးပြုနိုင်သလို IP68 ထောက်ခံချက်ပါဝင်တဲ့ S Pen လည်းပါဝင်လာပါတယ်။

Samsung Galaxy Tab Active3 မှာတော့ Exynos 9810 ချစ်ပ်ပါဝင်ပြီး RAM 4GB နဲ့တွဲဖက်ထားသလို microSD ကတ်ပေါက် ပါဝင်လာပါတယ်။ အခု tablet မှာ Android 10 အသုံးပြုထားပေမယ့် desktop လိုအသုံးပြုနိုင်မယ့် DeX mode ပါဝင်ပါတယ်။

ကင်မရာပိုင်းကတော့ 13MP နဲ့ LED flash ပါဝင်ပြီး ရှေ့ကင်မရာ 5MP ပါဝင်လာပါတယ်။ Tablet မှာတော့ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ 5,050 mAh ဘက်ထရီ ပါဝင်လာပါတယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««