Samsung Galaxy S9 နဲ့ S9+ ကို မတ်လ ၁၆ ရက်တွင် တင်ပို့ရောင်းချမည်

အသစ်ထွက်မယ့် Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေကို MWC 2018 မှာ ပွဲထုတ်ပြသမယ်လို့ Samsung က အတည်ပြုထားပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ ကုမ္ပဏီရဲ့ flagship စမတ်ဖုန်းသစ်တွေကို ဖေဖော်ဝါရီလ ၂၆ ရက်မှာ မိတ်ဆက်ကြေညာမှာဖြစ်တယ်ဆိုပြီး ပေါက်ကြားသတင်းတွေနဲ့ လူသိများသူ Evan Blass က Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။

C-level အမှုဆောင်တစ်ဦးရဲ့အဆိုအရ Galaxy S9 နဲ့ S9+ ကြိုတင်မှာယူမှုတွေကို ပွဲထုတ်မိတ်ဆက်ပြီး သုံးရက်အကြာ မတ်လ ၁ ရက်မှာ စတင်ပြုလုပ်နိုင်မှာဖြစ်ပြီး တင်ပို့ရောင်းချမှုကိုတော့ မတ်လ ၁၆ ရက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ Blass က ပြောပါတယ်။

https://twitter.com/evleaks/status/953189867948736512

၂၀၁၇ ခုနှစ်တုန်းက Galaxy S8 ကို ပုံမှန်ထက် တစ်လနောက်ကျပြီး ဖြန့်ချိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ Samsung က ၂၀၁၆ ခုနှစ်က အချိန်အတိုင်း ဖြန့်ချိသွားမယ်လို့ ယူဆရပါတယ်။

အသစ်ထွက်မယ့် flagship စမတ်ဖုန်းမှာ Exynos 9810 chipset, stereo speaker တွေနဲ့ Plus ဗားရှင်းအတွက် dual camera ပါဝင်လာမယ်လို့ ဆိုပါတယ်။ အရွယ်ငယ်တဲ့ဗားရှင်းမှာတော့ 12MP ကင်မရာတစ်ခုတည်း ပါဝင်မယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena