Samsung Galaxy S8 ဓာတ်ပုံ ပေါက်ကြားထွက်ပေါ်လာ

ပေါက်ကြားသတင်းများနဲ့ပတ်သက်ပြီး လူသိများထင်ရှားတဲ့ Evan Blass က Samsung Galaxy S8 ဓာတ်ပုံကို Twitter ကနေ ဝေမျှခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံသစ်ဟာ Samsung က Mobile World Congress မှာ ပြသခဲ့တဲ့ ဗီဒီယိုထဲက ထုတ်ကုန်နဲ့ အလွန်ဆင်တူပါတယ်။

Galaxy S8 ကို မတ်လ ၂၉ ရက် နယူးယောက်မှာကျင်းပမယ့် Galaxy Unpacked ပွဲမှာ မိတ်ဆက်သွားမယ်လို့ Samsung က ကြေညာထားပါတယ်။

https://twitter.com/evleaks/status/836762073384292353
Ref: TheVerge