Samsung Galaxy S21 Ultra ကင်မရာ အသေးစိတ်အချက်အလက် ပေါ်လာ

သတင်းအချက်အလက် ဖော်ထုတ်တဲ့ Ice Universe ကတော့ Galaxy S21 Ultra ကင်မရာ အသေးစိတ် အချက်အလက်တွေကို အတည်ပြုလိုက်ပါတယ်။ အောက်မှာပါတဲ့ သရုပ်ဖော်ပုံက Galaxy S21 Ultra က ကင်မရာအစိတ်အပိုင်း ၅ ခုအကြောင်း အသေးစိတ် ဖော်ပြထားပါတယ်။ (S21 နဲ့ S21+ မှာတော့ ကင်မရာ ၃ လုံးပဲ ပါပါမယ်)

Galaxy S21 Ultra 5G အဓိက ကင်မရာအစိတ်အပိုင်းက 108MP ISOCEll HM3 sensor နဲ့ 0.8 µm pixels (9-in-1 binning ထောက်ပံ့မှု) နဲ့ Super PD autofocus လည်းပါဝင်လာပါတယ်။ Samsung က အသုံးပြုခဲ့တဲ့ HM1 sensor ထက် အလင်းအား ၁၂ ရာခိုင်နှုန်း ကောင်းမွန်ပါတယ်။ ရုပ်ထွက်အရည်အသွေးက ၃ ဆလောက် zoom ဆွဲပေမယ့် မကျသွားပါဘူး။ ဖုန်းမှာတော့ 3x telephoto ကင်မရာနဲ့အတူ 10MP sensor (ISOCELL Fast 3J1) အပြင် 1.22 µm pixels နဲ့ Dual Pixel AF ပါဝင်လာပါတယ်။

ဖုန်းမှာ periscope ကတော့ zoom ၁၀ ဆ အထိ ဆွဲနိုင်ပါတယ်။ အခု ကင်မရာမှာ 10MP 3JI sensor အပြင် အခြား tele ကင်မရာလည်း ပါဝင်လာပါတယ်။ အခြား 12MP ultra wide ကင်မရာမှာတော့ IMX563 sensor တွေပါဝင်လာပါတယ်။ Samsung Galaxy S21 Ultra 5G ကျောဘက်ကင်မရာမှာ Sony sensor တစ်ခုတည်းပဲ အသုံးပြုထားပါတယ်။

စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««