Samsung Galaxy S21 Ultra အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာ

Samsung ဟာ လာမယ့်နှစ် ဇန်နဝါရီလမှာ Galaxy S21 ကိုမိတ်ဆက်မယ်လို့ သက်သေတွေ တွေ့နေရပါတယ်။ Samsung ဟာ ၂၀၂၁ ခုနှစ်အတွင်း Huawei ရဲ့ဈေးကွက်ဝေစုကို ရယူဖို့ ရည်မှန်းထားပါတယ်။

Reuters သတင်းဌာန ဖော်ပြချက်အရ Samsung ဟာ စမတ်ဖုန်းဈေးကွက်ထဲက အကောင်းဆုံး ဖုန်းအဖြစ် Galaxy S21 စီးရီးကို လုပ်ဆောင်ဖို့ တွန်းအားပေးနေပါတယ်။ Samsung ဟာ အမေရိကန်က စီးပွားရေးပိတ်ဆို့ခံထားရတဲ့ Huawei ဈေးကွက်ကို ရယူဖို့ ဖုန်းကို တစ်လစောပြီး မိတ်ဆက်တာ ဖြစ်ပါတယ်။

Samsung ဟာ Galaxy S21 Ultra မှာ 108Mp ကင်မရာနဲ့ 45W အားသွင်းစနစ် ပါဝင်လာနိုင်ပါတယ်။ Display မှာတော့ WQHD+ LTPO panel အပြင် 120Hz refresh rate နဲ့ အချိုးညီဘေးဘောင်ကို အသုံးပြုထားတယ်လို့ Ice Universe ကဖော်ပြခဲ့ပါတယ်။

-စိုးထက်
Ref: 9to5Google

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««