
ဒီလအစောပိုင်းမှာ Samsung ရဲ့မျိုးဆက်သစ် flagship ဖုန်း Galaxy S21 Ultra ဗီဒီယိုထွက်လာခဲ့ပါတယ်။ ဖုန်းကျောဘက်ဒီဇိုင်း ပြောင်းထားပြီး ကွဲပြားတဲ့ ကင်မရာ lens ပါဝင်လာပါတယ်။
အခြား ကောလာဟလသတင်းတွေလည်း ထွက်ပေါ်လာပါတယ်။ အခုအခါမှာတော့ Samsung ရှေ့မျက်နှာပြင် အပြောင်းအလဲ လုပ်ထားပြီး chin ဒီဇိုင်းပြထားတဲ့ပုံ ထွက်ရှိလာပါတယ်။ Ice Universe က Galaxy S21 Ultra ပုံတွေကို twitter မှာဖော်ပြခဲ့ပါတယ်။ ထွက်လာတဲ့ ဓာတ်ပုံအရ Galaxy S21 Ultra မှာ အောက်ခြေဘေးဘောင် chin သေးငယ်တာ တွေ့ရပါတယ်။ ဒီဇိုင်းက iPhone 12 နဲ့ပိုဆင်လာပါတယ်။ Samsung အနေနဲ့ Infinity-O ဒီဇိုင်းနဲ့ ကိုက်ညီအောင် ရှေ့ဘက် သိပ်မထွက်တဲ့ hole-punch ကိုအသုံးပြုဖွယ်ရှိပါတယ်။
Samsung Galaxy S21 မှာ မိုဘိုင်းသမိုင်းတစ်လျှောက် အသေးငယ်ဆုံး chin ပါဝင်မယ်လို့ သတင်းထုတ်ဖော်သူက ဖော်ပြခဲ့ပါတယ်။
-စိုးထက်
Ref: PocketNow