Samsung Galaxy S21 Ultra ဓာတ်ပုံနဲ့ အသေးစိတ်အချက်အလက် ထွက်ပေါ်

တရားဝင် Samsung Galaxy S21 နဲ့ S21+ ဓာတ်ပုံတွေ ထွက်ရှိပြီးနောက် Galaxy S21 Ultra ပုံနဲ့ အချက်အလက်တွေလည်း ထွက်လာပါတယ်။ ပုံမှာတော့ S21 Ultra ရဲ့Phantom Silver ကိုပြသထားပြီး နှစ်ရောင်စပ် ဒီဇိုင်း ပါဝင်လာပါတယ်။ Ultra ကို အနက်ရောင်နဲ့လည်း ဖြန့်ချိပါမယ်။

Galaxy S21 Ultra မျက်နှာပြင် ၆.၈ လက်မ ရှိပြီး S20 Ultra ထက် ဆယ်ပုံတစ်ပုံ သေးငယ်ပါတယ်။ ဒါပေမဲ့ panel ကတော့ flat ဖြစ်ပြီး ရှေ့ဘက်မှာ မှန်ထည်ကို အသုံးပြုထားပါတယ်။ ကျောဘက်က flat ဖြစ်ပါတယ်။ S21 လိုပဲ အောက်ခံဘောင်ကတော့ သတ္တုဖြစ်ပြီး ကျောဘက်မှာ မှန်ထည်အသုံးပြုထားပါတယ်။ S21 ကတော့ ကျောဘက်မှာ ပလတ်စတစ် အသုံးပြုထားပါတယ်။

     

မျက်နှာပြင်က Dynamic AMOLED 2X display ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 1440p+ (20:9) နဲ့ 515 ppi pixel သိပ်သည်းဆ ရှိပါတယ်။ Samsung ဟာ refresh rate 120Hz ကိုပဲ ဆက်လက် အသုံးပြုပါမယ်။ ဒါပေမဲ့ display ကတော့ adaptive refresh rate လုပ်ဆောင်ချက်ကြောင့် စွမ်းအင်သုံးစွဲမှု သက်သာပါမယ်။ မျက်နှာပြင်က တောက်ပလွန်းပြီး 1,600nits ရှိကာ Gorilla Glass Victus ကာကွယ်ထားပါတယ်။

S21 Ultra ကင်မရာမှာတော့ ကင်မရာ ၄ လုံးအထိ ပါဝင်ပြီး OIS နဲ့ 108MP 1/1.33” sensor လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် S21 Ultra မှာတော့ Laser AF (3D ToF sensor နေရာအစားထိုး) အသုံးပြုထားပါတယ်။ ကင်မရာမှာ 12MP ultra wide အစိတ်အပိုင်းနဲ့အတူ 1.4 µm pixels, PDAF နဲ့ ၁၂၀ ဒီဂရီ field of view ပါဝင်လာပါတယ်။ Ultra မှာတော့ telephoto ကင်မရာ ၂ လုံးလည်း ပါဝင်လာပြီး 10x folded periscope နဲ့ သမားရိုးကျ 3x tele lens ပါဝင်လာပါတယ်။ အဲဒီ ကင်မရာတွေမှာ 10MP sensor တွေပါပြီး hybrid zoom ကလည်း focal length အကြား ပြောင်းလဲမှုကို ချောမွေ့စေပါတယ်။

ရှေ့ကင်မရာကတော့ 40MP ½.8” sensor ဖြစ်ပြီး autofocus နဲ့အတူ ၈၀ ဒီဂရီ lens လည်းပါဝင်လာပါတယ်။ ကျောဘက်ကင်မရာနဲ့ 8K 30fps, 4K 60 fps နဲ့အတူ 1080p 240fps ရိုက်ကူးနိုင်ပါတယ်။ တချို့ဒေသတွေမှာ Samsung Galaxy S21 Ultra မှာတော့ Exynos 2100 chipset မော်ဒယ်ရောင်းချမယ်လို့ သိရပါတယ်။ S21 စီးရီးဖုန်းတွေကို ဇန်နဝါရီလလယ်မှာ မိတ်ဆက်ပါမယ်။ Samsung ဟာ ဇန်နဝါရီ ၁၂ ရက်မှပဲ Exynos 2100 မော်ဒယ်ကို မိတ်ဆက်ပါမယ်။ Samsung က S Pen ထောက်ပံ့မှုကိုလည်း Ultra မှာပဲ ထောက်ပံ့သွားပါမယ်။

သတင်းအချက်အလက် ဖော်ထုတ်သူ Roland Quandt ဖော်ပြချက်အရ S Pen ကိုတော့ သီးသန့်ပစ္စည်းအဖြစ် ရောင်းချပြီး Silicone ဒါမှမဟုတ် Smart Clear View ကာဗာလည်း ပါဝင်လာပါမယ်။ ဖုန်းဘက်ထရီက 5,000mAh ဖြစ်ပြီး 45W ထောက်ပံ့မှု ပါဝင်လာနိုင်ပါတယ်။

Samsung ဟာ Galaxy S21 Ultra အတွက် Exynos 2100 ချစ်ပ်ပါဝင်တဲ့ မော်ဒယ်ကိုတော့ ယူရို ၁,၄၀၀ နဲ့ ရောင်းချဖွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««