Samsung Galaxy S21, S21 Plus နဲ့ S21 Ultra အသေးစိတ်အချက်အလက်ပေါက်ကြား

Samsung ဟာ ဇန်နဝါရီလမှာ Galaxy S21 ဖုန်းကို မိတ်ဆက်ဖို့ ရှိပါတယ်။ အခုဆိုရင် Galaxy S21 စမတ်ဖုန်း အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Android Police က မက်ဝိုင်ဘတ်ကတော့ Samsung Galaxy S21 ဖုန်းတွေ အချက်အလက်တွေကို ထုတ်ဖော်ခဲ့ပါတယ်။ အဲဒီအချက်အလက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Display

Galaxy S21 နဲ့ S21 Plus မှာတော့ 120Hz, FH+ format, LTPS (အပူချိန်နည်းတဲ့ ပိုလီခရစ္စတယ်လိုင်းဆီလီကွန်) display အသုံးပြုထားပါတယ်။ S21 မှာမျက်နှာပြင် ၆.၂ လက်မနဲ့ S21 Plus မှာတော့ ၆.၇လက်မရှိပါတယ်။ S21 Ultra မှာတော့ 1-120Hz adaptive, WQHD+ format, LTPO display ပါဝင်ပြီး မျက်နှာပြင်အရွယ် ၆.၈ လက်မရှိပါတယ်။ Ultra မှာတော့ S Pen ထောက်ပံ့ထားပေမယ့် ဖုန်းနဲ့အတူ မပါဝင်ပါဘူး။ Samsung ဟာ S Pen ကို သီးသန့်ရောင်းချဖွယ်ရှိပါတယ်။

Software

ဖုန်းတွေအားလုံးမှာ Android 11 အခြေခံ One UI 3.1 အသုံးပြုထားနိုင်ပါတယ်။

ချစ်ပ်

ဖုန်းအားလုံးမှာ Snapdragon 875 ဒါမှမဟုတ် Exynos 2100 ပရိုဆက်ဆာပါဝင်လာပါတယ်။ Snapdragon 875 ကတော့ မကြေညာရသေးတဲ့ ချစ်ပ်ဖြစ်ပြီး Snapdragon 865 နေရာဆက်ခံသွားပါမယ်။ အသစ်ထွက်လာမယ့် Exynos ချစ်ပ်အသစ်ကလည်း ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်လာပါမယ်။

ဘက်ထရီ

S21 မှာတော့ ဘက်ထရီ 4,000mAh ထောက်ပံ့ထားပါတယ်။ S21 Plus မှာတော့ 4,800mAh ဘက်ထရီထောက်ပံ့ထားပြီး Ultra မှာတော့ 5,000mAh ပါဝင်နိုင်ပါတယ်။ ဖုန်းအားလုံးမှာ 25W အားသွင်းမြန်ဆန်စနစ်ပါဝင်လာပါတယ်။

ကျောဘက်ကင်မရာ

S21 နဲ့ S1 Plus အဓိက ကင်ရာ 12MP, 12MP ultrawide နဲ့ 64MP telephoto တို့ပါဝင်လာပါတယ်။ Ultra မှာတော့ အဓိက ကင်မရာ 1080MP နဲ့အတူ Gen 2 sensor, 10MP 3X optical telephoto နဲ့ 10MP 10x optical telephoto နဲ့ 12MP ultrawide တို့ပါဝင်လာပါတယ်။ Samsung ဟာ 10x optical sensor အသစ်နဲ့ 100X Space Zoom ကိုပြန်လည်ရှင်သန်အောင် လုပ်နိုင်ပါမယ်။

ကွန်ရက်

S21 နဲ့ S21 Plus ဖုန်းမှာတော့ 5G, Wi-Fi 6 နဲ့ Bluetooth 5.1 ပါဝင်လာပါမယ်။ Ultra မှာတော့ Wi-Fi 6E ပါဝင်ဖွယ်ရှိပါတယ်။ Wi-Fi 6E ကတော့ သာမန် Wi-Fi 6 ထက် နှစ်ဆက်နီးပါးမြန်ဆန်ပါတယ်။

အရောင်

S21 အတွက် Phantom Violet, Phantom Pink, Phantom Gray နဲ့ Phantom White ဆိုတဲ့ အရောင်တွေနဲ့ ထုတ်လုပ်ပါမယ်။ Plus မော်ဒယ်အတွက် Phantom Silver, Phantom Black နဲ့ Phantom Violet ထွက်လာပါမယ်။ Ultra အတွက် Phantom Black နဲ့ Phantom Silver ထွက်ရှိနိုင်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««