Samsung Galaxy S21, S21+ အသေးစိတ်အချက်အလက် အတိအကျ ထွက်ပေါ်

ပြီးခဲ့တဲ့အပတ်က Samsung Galaxy S21 Ultra အသေးစိတ် အချက်အလက်တွေ ထွက်အပြီး အခုအခါမှာတော့ S21 နဲ့ S21+ အချက်အလက်တွေ ထွက်လာပါတယ်။

S21 နဲ့ S21+ ဖုန်းတွေ အမေရိကန် ရောင်းချမယ့် ဗားရှင်းက Snapdragon 888 SoC ပါဝင်ပြီး ဥရောပဗားရှင်းမှာတော့ Exynos 2100 chipset ပါဝင်လာပါမယ်။ စမတ်ဖုန်း ၂ မျိုးစလုံးမှာ OneUI 3.1 နဲ့အတူ Android 11 အပြင် RAM 8GB ပါဝင်သလို storage 128GB ဒါမှမဟုတ် 256GB ကို ရွေးချယ်နိုင်ပါမယ်။

S21 ဖုန်းမှာတော့ မျက်နှာပြင် ၆.၂ လက်မ FullHD+ Infinity-O Dynamic AMOLED display ပါလာပါတယ်။ Plus မော်ဒယ်မှာတော့ မျက်နှာပြင် ၆.၇ လက်မ panel ပါဝင်ပေမယ့် ရုပ်ထွက်အရည်အသွေးကတော့ အတူတူပါပဲ။ မျက်နှာပြင် ၂ ခုစလုံးကိုတော့ Gorilla Glass Victus နဲ့ကာကွယ်ပြီး refresh rate ကတော့ 120Hz ဖြစ်တယ်။ ဓာတ်ပုံပိုင်းမှာတော့ S21 နဲ့ S21+ အတွက် ကျောဘက်မှာ 64MP ကင်မရာ ၃ လုံးပါဝင်ပြီး ရှေ့ကင်မရာကတော့ 10 MP ဖြစ်ပါတယ်။

S21 ဘက်ထရီက 4,000mAh ဖြစ်ပြီး Plus ကတော့ 4,800mAh ဖြစ်ပါတယ်။ ဖုန်းဘူးတွေထဲမှာတော့ charger မပါဘူးလို့ သိရပါတယ်။

Samsung ဟာ S21 ဖုန်းကို ဥရောပမှာ ယူရို ၈၄၉ နဲ့ ရောင်းချပါမယ်။ Plus မော်ဒယ်အတွက် 128GB ဗားရှင်းကိုတော့ ယူရို ၁၀၄၉ နဲ့ ရောင်းချပါမယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««