Samsung Galaxy S21, S21+ နဲ့ S21 Ultra ဓာတ်ပုံတွေ ထွက်လာ

Samsung က Galaxy S21 စီးရီးဖုန်းတွေကို မိတ်ဆက်ဖို့ တစ်လလောက်ပဲ လိုပါတော့တယ်။ အခုအခါမှာတော့ Galaxy S21 Ultra, Galaxy S21+ နဲ့ Galaxy S21 ဖုန်းပုံတွေ ထွက်လာပါတယ်။

အခု သရုပ်ဖော်ပုံတွေကိုတော့ LetsGoDigital က ကုမ္ပဏီတွင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်ကနေ ရရှိခဲ့ပါတယ်။

Galaxy S21 စီးရီးနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းအချက်အလက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Samsung Galaxy S21 Ultra

Samsung Galaxy S21 Ultra ကတော့ S21+ နဲ့ S21 နဲ့ အနည်းငယ် ကွဲပြားပါတယ်။ S21 Ultra မှာတော့ LED flash နဲ့ ISOCell Vizion 3D ToF sensor ပါဝင်လာပါတယ်။ ကင်မရာကတော့ 108MP H3 sensor အပြင် အလင်းအားက ၁၂ ရာခိုင်နှုန်း အထိ တိုးတက်လာပါတယ်။ ဒါ့အပြင် 12MP ultrawide နဲ့ 10MP zoom ကင်မရာ ၂ လုံးကို ပါဝင်လာပြီး 10x optical zoom နဲ့ ဒုတိယမြောက် 3x optical zoom ကင်မရာတွေ ပါဝင်လာပါတယ်။ ရှေ့ဘက်မှာတော့ 40MP selfie ကင်မရာ ပါဝင်လာပါတယ်။

Galaxy S21 Ultra ကတော့ မျက်နှာပြင် ၆.၈ လက်မရှိပြီး အကွေးဒီဇိုင်း ပါဝင်လာနိုင်ပါတယ်။ Panel မှာတော့ refresh rate 120Hz နဲ့ ရုပ်ထွက်အရည်အသွေးက 1440p ရှိပါတယ်။ Galaxy S21 Ultra အတွက် Exynos 2100 chipset ဗားရှင်းကို တစ်ကမ္ဘာလုံး ရောင်းချပါမယ်။ တောင်ကိုရီးယား၊ တရုတ်နဲ့ အမေရိကန်အတွက် Snapdragon 888 ဗားရှင်းကို ရောင်းချမှာ ဖြစ်ပါတယ်။ ဖုန်းမော်ဒယ် ၂ မျိုးစလုံးမှာ 5F ပါဝင်ပြီး 12/128GB နဲ့ 16/512GB ကိုရွေးနိုင်ပါတယ်။

ဘက်ထရီကတော့ Galaxy S20 Ultra နဲ့တူပြီး 5,000 mAh နဲ့အတူ 25W အားသွင်းစနစ် ပါဝင်လာနိုင်ပါတယ်။

Samsung Galaxy S21 ကိုတော့ Phantom Black နဲ့ Phantom Silver နဲ့ထုတ်နိုင်ပါတယ်။

Samsung Galaxy S21+

Samsung Galaxy S21+ မှာတော့ သတ္တုအောက်ခံဘောင် ပါဝင်ပေမယ့် ကျောဘက်မှာတော့ ပလတ်စတစ်ကိုပဲ အသုံးပြုထားပါတယ်။ ကင်မရာကတော့ အဓိက 12MP ကင်မရာ၊ ultrawide ကင်မရာနဲ့ hybrid zoom ရုပ်ပုံ ၃ ဆပါတဲ့ 64MP ပါဝင်လာပါတယ်။ LED Flash ကတော့ ကင်မရာအုံအပြင်ဘက်မှာ ရှိပါတယ်။ မျက်နှာပြင် ၆.၇ လက်မ 1080p AMOLED နဲ့အတူ 120Hz refresh rate လည်းပါဝင်လာပါတယ်။ ဘက်ထရီပမာဏက S20+ ရဲ့ 4,500mAh ကနေ 4,800mAh အထိ တိုးတက်လာမယ်လို့ ကောလာဟလ ထွက်နေပါတယ်။ အားသွင်းမြန်ဆန်တဲ့ 25W လည်းပါဝင်လာပါမယ်။ Galaxy S21 Ultra လိုပဲ S21+ မှာတော့ Exynos 2100 ဒါမှမဟုတ် Snapdragon 888 ဗားရှင်း ၂ မျိုးထွက်လာပါမယ်။ Samsung Galaxy S21+ ကိုတော့ Phantom Black, Phantom Silver နဲ့ Phantom Violet ဆိုပြီး ထွက်လာပါမယ်။

Samsung Galaxy S21

Galaxy S21 ကတော့ Phantom Gray, Phantom White, Phantom Violet နဲ့ Phantom Pink အရောင် ၃ မျိုးနဲ့ ထွက်လာပါမယ်။ Galaxy S21 ကင်မရာက S21+ နဲ့တူပြီး ဖုန်းအရည်အသွေးနဲ့ မျက်နှာပြင်ကတော့ ကျောဘက်မှာ ပလတ်စတစ်သုံးထားပြီး 1080p ရုပ်ထွက်အရည်အသွေး၊ 120Hz refresh rate ပါဝင်လာပါတယ်။ Galaxy S21 မှာတော့ memory 8GB ကနေ စတင် ပါဝင်လာနိုင်ပါတယ်။

စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««