Samsung Galaxy S21, S21+ နဲ့ S21 Ultra မိတ်ဆက်ဗီဒီယို ပေါက်ကြား

အသစ်ထွက်မယ့် Galaxy S21 ဖုန်းစီးရီးတွေရဲ့ သတင်းအချက်အလက်တွေ ဆက်တိုက်ဆိုသလို ပေါက်ကြားနေပါတယ်။ အခုဆိုရင် တရားဝင် အမြည်းမိတ်ဆက် ဗီဒီယိုတွေ ထွက်လာပါတယ်။

ဗီဒီယိုမှာ Samsung Galaxy S21, S21+ နဲ့ S21 Ultra ဒီဇိုင်းကို ပြခဲ့သလို S21 နဲ့ S21+ တို့မှာ ကျောဘက်ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ S21 Ultra မှာတော့ display အကွေးနဲ့ ပယ်ရီစကုပ် အပြင် ကင်မရာ ၄ လုံး ပါဝင်လာတာ တွေ့ရပါတယ်။ S21 နဲ့ S21+ မှာတော့ ကျောဘက်မှာ ပလတ်စတစ် အသုံးပြုထားပေမယ့် Ultra ကတော့ မှန်ထည် အသုံးပြုထားပါတယ်။

Samsung Galaxy S21 ဖုန်း ရှေ့တည့်တည့်နဲ့ နောက်က ကင်မရာအုံမှာ ပါဝင်လာပါတယ်။ ကင်မရာပိုင်း အတွက် 21 နဲ့ S21+ မှာတော့ 12MP wide, 12MP ultrawide နဲ့ 64MP telephoto ပါဝင်လာပါတယ်။ S21 Ultra မှာတော့ 108MP wide, 12MP ultrawide, 10MP 3x tele နဲ့ 10MP 10x periscope zoom တို့ပါဝင်လာပါတယ်။ Ultra မှာတော့ laser autofocus ပါဝင်လာပါတယ်။ ဗီဒီယိုမှာ S21 နဲ့ S21+ ဖုန်းတွေကိုတော့ Phantom Violet အရောင်နဲ့ ပြထားပါတယ်။ S21 Ultra ကတော့ မီးခိုးနဲ့ အနက်ပဲ ထွက်မယ်လို့ သတင်းထွက်နေပါတယ်။ Galaxy S21 ဖုန်းတွေကိုတော့ ဇန်နဝါရီ ၁၄ ရက် Galaxy Unpacked အွန်လိုင်းပွဲမှာ မိတ်ဆက်မယ်လို့ သိရပါတယ်။ ဆိုင်တွေပေါ် ဇန်နဝါရီ ၂၉ ရက်မှာ ရောက်လာနိုင်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««