Samsung Galaxy S21 Plus နဲ့ iPhone 12 Pro ကင်မရာ နှိုင်းယှဉ်ထားတဲ့ ဗီဒီယို ထွက်လာ

Samsung Galaxy S21 ကတော့ ဇန်နဝါရီလလယ်မှာ ထွက်မယ်လို့ ကောလာဟလ ထွက်နေပါတယ်။ အခုတလောမှာ Galaxy S21 ပေါက်ကြားမှု သတင်းတွေကလည်း အဆက်မပြတ် ထွက်နေပါတယ်။ နောက်ဆုံး ပေါက်ကြားမှုကတော့ Galaxy S21 Plus ကင်မရာကို iPhone 12 Pro ကင်မရာနဲ့ နှိုင်းယှဉ်ထားပါတယ်။

YouTube သုံးစွဲသူ Random Stuff 2 ကတော့ Galaxy S21 Plus ကနဦးမော်ဒယ်နဲ့ iPhone 12 Pro ကင်မရာ စွမ်းဆောင်ရည်၊ မျက်နှာပြင်အရည်အသွေးတို့ကို ယှဉ်ပြခဲ့ပါတယ်။ ဗီဒီယိုမှာ ပါဝင်တဲ့ Galaxy S21 Plus မော်ဒယ်ကတော့ ပရီမီယံ finish ကိုအသုံးပြုထားပါတယ်။ အရောင်ကတော့ Phantom Gray ဖြစ်ပါတယ်။ S21 Plus မျက်နှာပြင်ကတော့ တောက်ပကာ ရောင်စုံပြီး edge-to-edge display အသုံးပြုထားပါတယ်။ scree-to-body အချိုးအစားက ၉၄ ရာခိုင်နှုန်း ရှိတယ်လို့ Random Stuff 2 ကပြောထားပါတယ်။

အောက်မှာ ဗီဒီယိုကို ကြည့်နိုင်ပါတယ်။

ဒါ့အပြင် Random Stuff 2 ကလည်း YouTube channel မှာ Galaxy S21 Plus ရဲ့ Geekbench ရလဒ်ကို ဗီဒီယို တင်ခဲ့ပါသေးတယ်။

Galaxy S21 ဟာ Geekbench ရလဒ်ဗီဒီယိုကိုလည်း အောက်မှာ ကြည့်လို့ရပါတယ်။

စိုးထက်
Ref: LaptopMag

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««