Samsung Galaxy S21 5G တရားဝင်ပုံထွက်လာ

Samsung ဟာ Galaxy S21 ကိုမိတ်ဆက်ဖို့ တစ်လပဲ လိုပါတော့တယ်။ အခုအခါမှာတော့ S21 5G, S21+ 5G နဲ့ S21 Ultra 5G ဖုန်း ဒီဇိုင်းပုံတွေကလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။

အခုဆိုရင်တော့ Galaxy S21 5G တရားဝင်သရုပ်ဖော်ပုံကို Evan Blass ကဝေမျှလိုက်ပါပြီ။ ဓာတ်ပုံထဲမှာ punch hole display ပါဝင်လာတာ တွေ့ရပါတယ်။ S21 5G ရဲ့ wallpaper ကိုလည်း တရားဝင်ပုံမှာ ဖော်ပြထားပါတယ်။

တရားဝင်ပုံမှာတော့ S21 5G ကျောဘက်တော့ မပြထားပါဘူး။ အရင်ထွက်ထားတဲ့ ပုံတွေအရ ကျောဘက်မှာ ဒေါင်လိုက်ပုံစံ ကင်မရာ ၃ လုံး ပါဝင်နိုင်ပါတယ်။

S21+ 5G နဲ့ S21 Ultra 5G တွေမှာလည်း အလားတူ ဒီဇိုင်းကို အသုံးပြုထားဖွယ်ရှိပါတယ်။ Ultra မှာတော့ မတူကွဲပြားတဲ့ ကင်မရာ ပါလာပါမယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««