
တောင်ကိုရီးယားက ထွက်ပေါ်လာတဲ့ သတင်းအရ Samsung ဟာ Apple နည်းလမ်းအတိုင်း အသစ်ထွက်မယ့် Galaxy S21 စီးရီးအတွက် charger နဲ့ နားကြပ်မထည့်သွင်းတော့ပါဘူး။
Chosun Biz သတင်းအရ Samsung ဟာ Samsung Galaxy S21 မှာ USB-C ကြိုးကိုပဲ ထည့်သွင်းဖွယ်ရှိပါတယ်။ Samsung ဟာ ပထမဆုံး Galaxy S ဖုန်းကနေ Galaxy S20 စီးရီးအထိ USB ကြိုး၊ နားကြပ်နဲ့ charging dock တွေထည့်သွင်းခဲ့ပါတယ်။
အဲဒီပစ္စည်းတွေ ဖယ်ရှားလိုက်တာ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိစေသလို Samsung အနေနဲ့ တင်ပို့ရောင်းချမှု စရိတ်ကို သက်သာပြီး charger ရောင်းချတာကနေ ဝင်ငွေရရှိနိုင်ပါတယ်။
-စိုးထက်
Ref: GSMArena
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««