Samsung Galaxy S21+ ဖုန်း ဓာတ်ပုံတွေ ထွက်ပေါ်

Samsung Galaxy S21+ ဖုန်းကို ကိုင်ပြီး အသုံးပြုနေပုံတွေဟာ Twitter ပေါ်က @MauriQHD ကနေ ထွက်လာပါတယ်။

ဓာတ်ပုံ ၃ ပုံမှာပါဝင်တဲ့ ထုတ်ကုန်ကျောဘက်မှာ လျှို့ဝှက်ဆိုတဲ့ စတစ်ကာ ပါဝင်လာပါတယ်။ အရောင်က Phantom ခရမ်းရောင် ဖြစ်ပါတယ်။ ပုံတွေထဲက Galaxy S21+ ဖုန်းဖြစ်ပါတယ်။ Galaxy S21 ဖုန်းတွေကိုတော့ ဇန်နဝါရီ ၁၄ ရက်မှာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ နိုင်ငံအများစုမှာ ရောင်းချမယ့် Galaxy S21 ဖုန်းတွေမှာ Exynos 2100 ချစ်ပ်အသုံးပြုထားပြီး အမေရိကန်နဲ့ ကိုရီးယားဖုန်းတွေမှာတေ့ Snapdragon 888 အသုံးပြုထားပါမယ်။

Galaxy S21 နဲ့ S21+ ဖုန်းတွေမှာ မျက်နှာပြင် ၆.၂ လက်မနဲ့ ၆.၇ လက်မ FullHD + AMOLED အပြင် 120Hz နဲ့ 4,000mAh အပြင် 4,800mAh တွေပါလာပါမယ်။ ကင်မရာကတော့ 12MP f/1.8, 12MP f/2.2 ultrawide , 64MP f/2.0 3x telephoto ကင်မရာနဲ့ RAM 8GB ပါလာနိုင်ပါတယ်။

Galaxy S21 Ultra မှာတော့ မျက်နှာပြင် ၆.၈ လက်မ Dynamic AMOLED နဲ့အတူ 120Hz refresh (adaptive) နဲ့ QHD+ ရုပ်ထွက်အရည်အသွေး ပါလာပြီး ဘက်ထရီကလည်း 5,000mAh အထိ ရှိလာပါမယ်။ ကင်မရာကတော့ အဓိက 108MP နဲ့ 10MP telephoto ကင်မရာ ၂ လုံး 3x နဲ့ 10x periscope အပြင် S Pen ထောက်ပံ့မှုလည်း ပါလာဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««