Samsung Galaxy S21 နဲ့ S21 Ultra ဓာတ်ပုံတွေ ထွက်လာ

Samsung ဟာ S21 စီးရီးဖုန်းကို ဇန်နဝါရီလမှာ မိတ်ဆက်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အခုဆိုရင် @onleaks ကတော့ Samsung Galaxy S21 နဲ့ S21 Ultra တို့ ပုံတွေကို ထုတ်ပြန်လိုက်ပါတယ်။

Galaxy S21 နဲ့ S21 Ultra မှာတော့ အရင်ဖုန်းတွေလိုပဲ punch hole အသုံးပြုထားပါတယ်။ Galaxy S21 မျက်နှာပြင်အရွယ်က ၆.၂ လက်မ ဖြစ်ပြီး Ultra ကတော့ ၆.၇ လက်မနဲ့ ၆.၉ လက်မအကြား ရှိနိုင်ပါတယ်။

ဖုန်း ၂ မျိုးစလုံးရဲ့ ကျောဘက်ဒီဇိုင်းကတော့ ကွာခြားပါတယ်။ S21 ရဲ့ ကင်မရာအစိတ်အပိုင်းကတော့ ပိုမို ကျယ်ပြန့်လာပါတယ်။

ကင်မရာ ၃ လုံးကို ထောင့်မှန်ကျအောင် စီထားပါတယ်။ S21 Ultra မှာတော့ lens ၄ ခု ပါဝင်လာတာ တွေ့ရပါတယ်။ S21 ကတော့ S21 Ultra လောက် မကြီးမားပါဘူး။ S21 Ultra အထူက ၂ မီလီမီတာ ရှိတယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««