Samsung Galaxy S21 စမတ်ဖုန်းများကို ကြိုတင်မှာယူခြင်း စတင်ပြုလုပ်နိုင်

Galaxy S21 စမတ်ဖုန်းတွေကို ကြိုတင်မှာယူလိုတဲ့ မြန်မာနိုင်ငံမှ သုံးစွဲသူတွေကို ဇန်နဝါရီ ၁၅ ရက် မှ ဖေဖော်ဝါရီ ၃ ရက်အထိ စာရင်းကောက်ခံပေးသွားမယ်လို့ Samsung Myanmar မှသိရပါတယ်။

Galaxy S21+ (8 GB RAM / 256 GB ROM) စမတ်ဖုန်းကို မြန်မာငွေကျပ် ၁,၅၅၉,၀၀၀ ဖြင့်လည်းကောင်း (ငွေရောင်၊ အနက်ရောင် နဲ့ ခရမ်းရောင်)၊ Galaxy S21 Ultra (12 GB RAM / 256 GB ROM version) စမတ်ဖုန်းကို မြန်မာငွေကျပ် ၁,၈၄၉,၀၀၀ ဖြင့်လည်းကောင်း၊ 16 GB RAM / 512 GB version ကို မြန်မာငွေကျပ် ၂,၀၄၉,၀၀၀ ဖြင့်လည်းကောင်း (version ၂ မျိုးစလုံးကို ငွေရောင်နှင့် အနက် အရောင်၂ မျိုး) ကြိုက်နှစ်သက်ရာ ရွေးချယ်မှာယူနိုင်မယ်လို့ သိရပါတယ်။ ယခုထွက်ရှိလာတဲ့ Galaxy S21 စမတ်ဖုန်းတွေကို အခြားသော နိုင်ငံတကာ ဈေးကွက်များနည်းတူ 5G version နဲ့ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကြိုတင်မှာယူလိုသူတွေအနေနဲ့ ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ ပေးသွင်းပြီးတာနဲ့ ဖေဖော်ဝါရီ ၆ ရက် မှ ၁၃ ရက်အတွင်း ကြိုတင်မှာယူထားတဲ့ ဖုန်းအရောင်းဆိုင်တွေမှာ လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ အထူးအခွင့်‌အရေးအနေနဲ့ Galaxy S21 Ultra (16 GB RAM / 512 GB ROM) စမတ်ဖုန်း ကြိုတင်မှာယူသူတွေ အနေနဲ့ Galaxy Buds Pro, Travel Adapter နဲ့ Smart Tag, Galaxy S21 Ultra (12 GB RAM / 256 GB ROM) စမတ်ဖုန်းကြိုတင်မှာယူသူတွေ အနေနဲ့ Galaxy Buds Pro နဲ့ Travel Adapter၊ Galaxy S21+ (8 GB RAM / 256 GB ROM) စမတ်ဖုန်းကြိုတင်မှာယူသူတွေအနေနဲ့ Galaxy Buds Live နဲ့ Travel Adapter တို့ကို လက်ဆောင်အနေနဲ့ ရရှိမှာဖြစ်ပါတယ်။

Galaxy S21 စီးရီးစမတ်ဖုန်းတွေကို ဇန်နဝါရီ ၂၉ ရက်တွင် မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်သွားမှာဖြစ်ပြီး Samsung Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာ (https://www.facebook.com/SamsungMyanmar/) မှတစ်ဆင့် ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««