Samsung Galaxy S20 Fan Edition (FE) စမတ်ဖုန်းကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

Samsung Electronics Co.,Ltd မှ Galaxy S20 series ရဲ့ မိသားစုဝင်အသစ် တစ်ဦးဖြစ်တဲ့ Galaxy S20 fan edition (FE) စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။

Galaxy S20 FE စမတ်ဖုန်းသစ်မှာ Galaxy S20 စမတ်ဖုန်းရဲ့ အမှတ်သင်္ကေတ ကင်မရာ လုပ်ဆောင်ချက်များ ပါဝင်လာပြီး ကျောဖက်ကင်မရာ ၃ လုံး (12 MP Ultra wide + 12 MP Wide + 8 MP Tele ) နဲ့အတူ 32 MP selfie ကင်မရာကို ထည့်သွင်း‌ပေးထားပါတယ်။ 120 GHz adaptable refresh rate ထောက်ပံ့ပေးထားတဲ့ ၆.၅ လက်မ အရွယ် FHD+ Super AMOLED Infinity-O မျက်နှာပြင်၊ စွမ်းဆောင်ရည်မြင့် Exynos 990 processor,8 GB RAM နဲ့ 128 GB ROM တွေထည့်သွင်းပေးထားတဲ့အပြင် ဒေတာသိုလှောင်နိုင်မှုပမာဏကို 1 TB အထိ တိုးချဲ့အသုံးပြုနိုင်စေဖို့အတွက် ပြုလုပ်ပေးထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ ရုပ်ရှင်နှင့်ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းများ အပါအဝင် ကြိုက်နှစ်သက်တဲ့ လုပ်ငန်းဆောင်တာများ အားလုံးကို အ ဆင်ပြေလွယ်ကူမှု အပြည့်နဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။

Galaxy S20 FE စမတ်ဖုန်းမှာ 4,500 mAh ဘက်ထရီနဲ့အတူ စွမ်းဆောင် ရည်မြင့် 15W super- fast charging စနစ်ကိုလည်း ထည့် သွင်းပေးထားပါတယ်။ အရောင် အနေနဲ့ Cloud Lavender (ခရမ်းရောင်)၊ Cloud Mint (အစိမ်းနုရောင်) ဆိုပြီး နှစ်မျိုးရရှိနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ Samsung သုံးစွဲသူတွေအနေနဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ မှ ဒီဇင်ဘာ ၃ ရက်အတွင်း (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်မှာယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ကြိုတင်မှာယူလိုသူ တွေအနေနဲ့ ရန်ကုန်နဲ့မန္တလေး မြို့များအပါအဝင် အခြားမြို့ကြီး များရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်များ၊ လက်လီအ ရောင်းဆိုင်များမှာ စရန်ငွေ ၁၀၀,၀၀၀ ကျပ် ပေးသွင်း၍ မှာယူနိုင်မှာ ဖြစ်ပါတယ်။ ကြိုတင် မှာယူထားသူတွေဟာ ဒီဇင်ဘာ ၅ ရက်မှ စတင်၍ ဒီဇင်ဘာလ ၁၁ ရက်အထိ ကြိုတင်မှာယူထားတဲ့ အ‌ရောင်းဆိုင်တွေမှာ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

Galaxy S20 FE စမတ်ဖုန်းတွေကို ကြိုတင်မှာယူသူတွေဟာ Galaxy S20 FE စမတ်ဖုန်း နဲ့ BTS Edition Buds+ ကို မြန်မာငွေကျပ် ၉၉၉,၀၀၀ သို့ မဟုတ် Galaxy S20 FE စ မတ်ဖုန်းနဲ့ UV Sterilizer ကို မြန်မာငွေကျပ် ၈၉၉,၀၀၀ နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Galaxy S20 FE စမတ်ဖုန်း ကြိုတင်မှာယူသူတွေအနေနဲ့ 20 GB Mytel အင်တာနက်အစီအစဉ်နဲ့ Mytel နံပါတ်အချင်းချင်း မိနစ် ၂,၀၀၀ အခမဲ့ ဖုန်းခေါ် ဆိုနိုင်မယ့် အစီအစဉ်များ (တစ် ကြိမ်သာခံစားခွင့်ရှိမှာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် မေ ၃၁ ရက်အတွင်း အသုံးပြုနိုင်မည်) မှာဖြစ်ပါတယ်။ No Worry Crack ဝန် ဆောင်မှုအတွက် အသုံးပြုသူတွေ အနေနဲ့ ဝယ်ပြီးတဲ့နှေ့ ၃ လအတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက် ပျက်စီးခြင်း အတွက် ပြန်လည်ပြုပြင်ရာမှာ ၄၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် မှန်လဲလှယ်ခွင့် တစ်ကြိမ်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှ ၊၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ ရရှိခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

No Worry Crack ဝန်ဆောင်မှု အတွက်မူ အသုံးပြုသူများ အနေနဲ့ ဝယ်ယူပြီးသည့်နေ့မှ ၃ လအတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်း အတွက် ပြန်လည် ပြုပြင်ရာတွင် ၄၀% လျှော့ဈေးဖြင့် မှန်လဲလှယ်ခွင့် တစ်ကြိမ်အား (၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ) ရရှိခံစားသွားနိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««