Samsung Galaxy S11 ရဲ့ 108MP ကင်မရာမှာ 9-to-1 Bayer sensor ပါဝင်လာနိုင်

Samsung ဟာ Galaxy S11 ဖုန်းကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ Twitter သုံးစွဲသူတစ်ဦးဖြစ်တဲ့ Universelce ဆိုသူက Galaxy S11+ မှာ 9-to-1 နည်းပညာနဲ့အတူ 108MP sensor ပါဝင်လာမယ်လို့ ပြောခဲ့ပါတယ်။

Universelce က အခြား tweet တစ်ခုမှာ ဖုန်းဒီဇိုင်းကို ထုတ်ဖော်ပြသထားပါတယ်။ Galaxy S စီးရီး မော်ဒယ်သစ်တွေမှာ A နဲ့ M မော်ဒယ်တွေလိုမျိုး ထုတ်ကုန်ဘယ်ဘက်ခြမ်းမှာ ထောင့်မှန်စတုဂံဒီဇိုင်း ပါဝင်လာနိုင်ပါတယ်။

Samsung Galaxy S11 ဖုန်းမှာပါဝင်မယ့် 108MP က 12MP ဓာတ်ပုံ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ကြည်လင်ပြတ်သားမှု အရှိဆုံး ဓာတ်ပုံကို ရရှိစေမှာပါ။ ပုံမှာဖော်ပြထားတဲ့ ကင်မရာ setup အရ အောက်ဆုံးကင်မရာအတွင်း periscope အမျိုးအစားကင်မရာကို အသုံးပြုထားပါတယ်။ ကင်မရာရဲ့ ထိပ်ဆုံးကင်မရာကတော့ ultrawide-angle ကင်မရာဖြစ်ပြီး အလယ်ကတော့ အဓိက ကင်မရာဖြစ်တယ်လို့ Universelce ကဖော်ပြခဲ့ပါတယ်။ ကင်မရာ setup အတွင်းက periscope က telephoto lens နေရာဝင်လာမှာ ဖြစ်ကာ ညာဘက်ခြမ်းမှာ flash နဲ့ ToF တို့ပါဝင်လာနိုင်ပါတယ်။

စိုးထက်
Ref: GSMArena