Samsung Galaxy S11+ မှာ ဘက်ထရီ 5,000 mAh အထိ ပါဝင်လာနိုင်

Galaxy S11 နဲ့ပတ်သက်တဲ့ သတင်းတွေပေါက်ကြားထွက်ပေါ်လာပါတယ်။ Samsung Galaxy S11+ မှာ ဘက်ထရီ 5,000 mAh အထိ ပါဝင်လာမယ်လို့ Safety Korea ကဖော်ပြခဲ့ပါတယ်။

Samsung ရဲ့ SM-G988 မော်ဒယ်ဟာ EB-BG988ABY မော်ဒယ်နံပါတ်နဲ့ ဖြစ်ပြီး ပြီးခဲ့တဲ့နှောင်းပိုင်း Geekbench စံသတ်မှတ်ချက် အတွင်း S11+ ကိုတွေ့ခဲ့ရပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံအရ Samsung Galaxy S11+ မှာ ဘက်ထရီ 4,855mAh အထိ ဖော်ပြထားတဲ့အတွက် ဘက်ထရီ 5,000mAh နီးပါးအထိ ပါဝင်လာတာ တွေ့ရပါတယ်။ Samsung Galaxy S10+ မှာတော့ ဘက်ထရီ 4,100 mAh အထိ ပါဝင်လာပါတယ်။


လက်ရှိ Samsung ထုတ်ကုန်တွေမှာ ဘက်ထရီ 5,000mAh အထိပါဝင်တဲ့ မော်ဒယ်တွေက M20 နဲ့ M30 ဖြစ်ပြီး M30s မှာတော့ ဘက်ထရီ 6,000 mAh အထိ ပါဝင်လာပါတယ်။

S11+ ရဲ့ဘက်ထရီကြီးမားတဲ့အပြင် မျက်နှာပြင် ၆.၉ လက်မ Dynamic AMOLED panel နဲ့အတူ 120Hz refresh rate လည်းပါဝင်မယ်လို့ ကောလာဟလ သတင်းထွက်ပေါ်နေပါတယ်။ ဒါ့အပြင် Snapdragon 865/Exynos 990 chipset နဲ့ RAM 12GB နဲ့ storage 512GB တို့လည်း ပါဝင်လာဖွယ်ရှိပါတယ်။ ကင်မရာပိုင်းမှာတော့ အဓိက ကင်မရာ 108MP နဲ့ 5x periscope zoom ကင်မရာလည်း ပါဝင်လာဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena