Samsung Galaxy S10 အတွက် Android 10 ကိုဖြန့်ချိ

Samsung ဟာ Galaxy S10 Series အတွက် တည်ငြိမ်ပြီး stable build ဖြစ်တဲ့ Android 10 ကို ဖြန့်ချိလိုက်ပါတယ်။ Samsung အနေနဲ့ ဒီနှစ်အတွင်း Android 10 ကို ဖြန့်ချိမှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားထားပေမယ့် စမတ်ဖုန်းသုံးစွဲသူတွေကို အံ့အားသင့်အောင် ပြုလုပ်ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ beta ပရိုဂရမ်မှာပါ၀င်တဲ့ သုံးစွဲသူတွေအတွက် update က 140MB ၀န်းကျင်ရှိပြီး beta မှာ မပါဝင်သူတွေကတော့ ဖိုင်ဆိုဒ် 2GB နီးပါးကို download ပြုလုပ်ရပါမယ်။ Andriod 10 ရရှိမယ့် မော်ဒယ်နံပါတ် ကတော့ G97**XXU3BSKO ဖြစ်ပါတယ်။ Android 10 Update မှာ One UI 2.0 နဲ့အတူ Android 10 feature များစွာအပြင် ၂၀၁၉ ဒီဇင်ဘာလအတွက် လုံခြုံရေး Patch လည်းပါ၀င်ပါမယ်။

အခု Update ဟာ ဆိုရင် ဂျာမနီမှာထွက်ရှိနေပါပြီ။ သုံးစွဲသူရဲ့ Galaxy S10 ဖုန်းထဲကိုလည်း မကြာခင်မှာ သတိပေးချက် ရောက်လာနိုင်တဲ့အတွက် Settings > Software update menu ကနေ သွားရောက်စစ်ဆေးနိုင်ပါတယ်။

-အိမ့်တာရာလင်းလက်
Ref: GSMArena