Samsung Galaxy S10+ တြင္ အရြယ္ပိုႀကီးတဲ့ ၆.၄၄ လက္မ screen ပါဝင္လာဖြယ္ရိွ

[ Zawgyi ]

ကိုရီးယားသတင္းစာ The Bell ရဲ႕အဆိုအရ Samsung ဟာ အသစ္ထြက္မယ့္ Galaxy S10+ ရဲ႕ screen အရြယ္အစားကို ၆.၄၄ လက္မအထိ တိုးျမႇင့္သြားဖြယ္ရိွတယ္လို႔ သိရပါတယ္။

လက္ရိွ Galaxy S9+ ရဲ႕ screen အရြယ္အစားက ၆.၂ လက္မျဖစ္ပါတယ္။ အခုလို screen အရြယ္အစားကို တိုးျမွင့္တဲ့အတြက္ Galaxy S10+ က လက္ရိွ Galaxy Note 8 ထက္ အရြယ္ပိုႀကီးမွာျဖစ္သလို မၾကာခင္ ေတြ႕ျမင္ရမယ့္ Galaxy Note 9 မွာလည္း အရြယ္ႀကီးမားတဲ့ screen ပါဝင္လာမယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

ဆက္လက္ၿပီး အျခား Galaxy S10 ဖုန္းႏွစ္မ်ိဳးမွာေတာ့ လက္ရိွ Galaxy S9 ရဲ႕ ၅.၈ လက္မ screen အရြယ္အစားကို ဆက္လက္ အသံုးျပဳသြားမယ္လို႔ The Bell က ေဖာ္ျပခဲ့ပါတယ္။ ေစ်းသက္သာတဲ့ အဆိုပါ ဖုန္းႏွစ္မ်ိဳးမွာ လက္ရိွ flagship Samsung ဖုန္းေတြမွာ ပါဝင္တဲ့ dual-curved Infinity Display အစား flat panel ကိုသာ အသံုးျပဳသြားမယ္လို႔လည္း သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

ကိုရီးယားသတင်းစာ The Bell ရဲ့အဆိုအရ Samsung ဟာ အသစ်ထွက်မယ့် Galaxy S10+ ရဲ့ screen အရွယ်အစားကို ၆.၄၄ လက်မအထိ တိုးမြှင့်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ Galaxy S9+ ရဲ့ screen အရွယ်အစားက ၆.၂ လက်မဖြစ်ပါတယ်။ အခုလို screen အရွယ်အစားကို တိုးမြှင့်တဲ့အတွက် Galaxy S10+ က လက်ရှိ Galaxy Note 8 ထက် အရွယ်ပိုကြီးမှာဖြစ်သလို မကြာခင် တွေ့မြင်ရမယ့် Galaxy Note 9 မှာလည်း အရွယ်ကြီးမားတဲ့ screen ပါဝင်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဆက်လက်ပြီး အခြား Galaxy S10 ဖုန်းနှစ်မျိုးမှာတော့ လက်ရှိ Galaxy S9 ရဲ့ ၅.၈ လက်မ screen အရွယ်အစားကို ဆက်လက် အသုံးပြုသွားမယ်လို့ The Bell က ဖော်ပြခဲ့ပါတယ်။ စျေးသက်သာတဲ့ အဆိုပါ ဖုန်းနှစ်မျိုးမှာ လက်ရှိ flagship Samsung ဖုန်းတွေမှာ ပါဝင်တဲ့ dual-curved Infinity Display အစား flat panel ကိုသာ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

-နောင်နောင်
Ref: GSMArena