Samsung Galaxy S10 စီးရီးမ်ားတြင္ Ultrasonic In-display fingerprint sensor မ်ား ပါဝင္လာဖြယ္ရိွ

[Zawgyi]

Samsung ဟာ Galaxy S10 flagship စီးရီးေတြကို လာမယ့္ႏွစ္ မတိုင္ခင္အထိ မိတ္ဆက္သြားမွာ မဟုတ္ေပမယ့္လည္း ေကာလာဟလသတင္းေတြကေတာ့ စတင္ထြက္ေပၚေနပါၿပီ။

ကိုရီးယားကုမၸဏီဟာ Galaxy S10 ကို Galaxy S10 နဲ႔ Galaxy S10 Plus ဆိုၿပီး ေမာ္ဒယ္ႏွစ္မ်ိဳးနဲ႔ ထုတ္လုပ္ဖို႔ စီစဥ္ေနၿပီး အဲ့ဒီဖုန္းေတြမွာ တီထြင္ဆန္းသစ္တဲ့ ultrasonic in-display fingerprint sensor တစ္ခု ပါဝင္လာဖြယ္ရိွတယ္လို႔ ဆိုပါတယ္။

In-display နည္းပညာဟာ စမတ္ဖုန္းေစ်းကြက္မွာ အသစ္အဆန္း မဟုတ္ေတာ့ပါဘူး။ အဲ့ဒီနည္းပညာကို Vivo NEX, Mi 8 Explorer Edition နဲ႔ Huawei Mate RS တို႔လို တ႐ုတ္ေမာ္ဒယ္အခ်ိဳ႕မွာ ထည့္သြင္းထားပါတယ္။ ဒီနည္းပညာကို ေနာက္ဆံုးေပၚ OPPO Find X လို ေမာ္ဒယ္သစ္အခ်ို႕မွာ အသံုးခ်ထားျခင္း မရိွေသးေပမယ့္ Samsung က လ်င္ျမန္ၿပီး ပိုမိုယံုၾကည္အားထားရတဲ့ ultrasonic in-display fingerprint recognition ကို Galaxy S10 flagship စီးရီးေတြမွာ အသံုးျပဳသြားဖို႔ စီစဥ္ေနပါတယ္။

အဲ့ဒီ အဆင့္ျမင့္ biometric sensor ကို Vivo, Xiaomi နဲ႔ Huawei တို႔အသံုးျပဳတဲ့ optical အေျခခံ sensor ထုတ္လုပ္ရာမွာ လူသိမ်ားတဲ့ Goodix နဲ႔ Synaptics တို႔က ထုတ္လုပ္မွာမဟုတ္ဘူးလို႔ ဆိုပါတယ္။ Samsung ရဲ႕ biometric sensor ကို ထိုင္ဝမ္ကုမၸဏီ General Interface Solution (GIS) က ထုတ္လုပ္သြားမယ္လို႔ ယူဆရပါတယ္။

အျခား ေကာလာဟလသတင္းေတြကေတာ့ Galaxy S10 flagship စီးရီးကို ေမာ္ဒယ္သံုးမ်ိဳးနဲ႔ ေတြ႕ျမင္ရမယ္လို႔ ေဖာ္ျပထားပါတယ္။ ၆.၁ လက္မနဲ႔ ၆.၄ လက္မ ေမာ္ဒယ္ေတြက AMOLED screen ေမာ္ဒယ္ေတြျဖစ္တာေၾကာင့္ ultrasonic in-display fingerprint sensor ေတြ ပါဝင္လာႏိုင္ပါတယ္။ ၅.၈ လက္မ ေမာ္ဒယ္မွာေတာ့ သာမန္ fingerprint scanner အတိုင္း ေက်ာဘက္မွာ တပ္ဆင္ထားတယ္လို႔ သိရပါတယ္။

Ref: GizmoChina

[Unicode]

Samsung ဟာ Galaxy S10 flagship စီးရီးတွေကို လာမယ့်နှစ် မတိုင်ခင်အထိ မိတ်ဆက်သွားမှာ မဟုတ်ပေမယ့်လည်း ကောလာဟလသတင်းတွေကတော့ စတင်ထွက်ပေါ်နေပါပြီ။

ကိုရီးယားကုမ္ပဏီဟာ Galaxy S10 ကို Galaxy S10 နဲ့ Galaxy S10 Plus ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ ထုတ်လုပ်ဖို့ စီစဉ်နေပြီး အဲ့ဒီဖုန်းတွေမှာ တီထွင်ဆန်းသစ်တဲ့ ultrasonic in-display fingerprint sensor တစ်ခု ပါဝင်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

In-display နည်းပညာဟာ စမတ်ဖုန်းစျေးကွက်မှာ အသစ်အဆန်း မဟုတ်တော့ပါဘူး။ အဲ့ဒီနည်းပညာကို Vivo NEX, Mi 8 Explorer Edition နဲ့ Huawei Mate RS တို့လို တရုတ်မော်ဒယ်အချို့မှာ ထည့်သွင်းထားပါတယ်။ ဒီနည်းပညာကို နောက်ဆုံးပေါ် OPPO Find X လို မော်ဒယ်သစ်အချို့မှာ အသုံးချထားခြင်း မရှိသေးပေမယ့် Samsung က လျင်မြန်ပြီး ပိုမိုယုံကြည်အားထားရတဲ့ ultrasonic in-display fingerprint recognition ကို Galaxy S10 flagship စီးရီးတွေမှာ အသုံးပြုသွားဖို့ စီစဉ်နေပါတယ်။

အဲ့ဒီ အဆင့်မြင့် biometric sensor ကို Vivo, Xiaomi နဲ့ Huawei တို့အသုံးပြုတဲ့ optical အခြေခံ sensor ထုတ်လုပ်ရာမှာ လူသိများတဲ့ Goodix နဲ့ Synaptics တို့က ထုတ်လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ Samsung ရဲ့ biometric sensor ကို ထိုင်ဝမ်ကုမ္ပဏီ General Interface Solution (GIS) က ထုတ်လုပ်သွားမယ်လို့ ယူဆရပါတယ်။

အခြား ကောလာဟလသတင်းတွေကတော့ Galaxy S10 flagship စီးရီးကို မော်ဒယ်သုံးမျိုးနဲ့ တွေ့မြင်ရမယ်လို့ ဖော်ပြထားပါတယ်။ ၆.၁ လက်မနဲ့ ၆.၄ လက်မ မော်ဒယ်တွေက AMOLED screen မော်ဒယ်တွေဖြစ်တာကြောင့် ultrasonic in-display fingerprint sensor တွေ ပါဝင်လာနိုင်ပါတယ်။ ၅.၈ လက်မ မော်ဒယ်မှာတော့ သာမန် fingerprint scanner အတိုင်း ကျောဘက်မှာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။

Ref: GizmoChina