Samsung Galaxy Note4 အား MPT Sim Card များနှင့် အတူယှဉ်တွဲ ရောင်းချမည်ဟုဆို

Samsung-Galaxy-Note-4-vs-Samsung-Galaxy-Note-Edge.jpg

Samsung မှ ပြည်တွင်း ဈေးကွက်သို့ အသစ်တင်သွင်း ရောင်းချပေးမည်ဖြစ်သော Galaxy Note 4 အား အောက်တိုဘာ ၂၆ ရက်တွင် စတင်ရောင်းချရန် စီစဉ်ဆောင်ရွက် ထားခဲ့ပြီး ၎င်းရက်တွင် စတင်ရာင်းချခြင်း အစီအစဉ် တစ်ခုအနေဖြင့် Samsung Galaxy Note4 ဟန်းဆက်များအား MPT Sim Card များနှင့်အတူ ယှဉ်တွဲရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ MPT နှင့်အတူ ပူးတွဲရောင်းချခြင်း အစီစဉ်မှာ စတင်ရောင်းချသော အောက်တိုဘာ ၂၆ ရက် တစ်ရက်တည်း အတွက်သာဖြစ်ပြီး ရောင်းချမည့် နေရာများမှာ ရန်ကုန်မြို့တွင် UMFCCI နှင့် မန္တလေးမြို့တွင် Skywalk တို့၌ပြုလုပ် ကျင်းပသွားမည် ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်တွင် Galaxy Note4 ဝယ်ယူသူများ အနေဖြင့် ယှဉ်တွဲရောင်းချသော MPT Sim Card များအား ရရှိနိုင်ရန်အတွက် မှတ်ပုံတင်နှင့် မှတ်ပုံတင်မိတ္တူနှစ်စောင် ယူဆောင်လာခဲ့ရန်လို အပ်မည်ဖြစ်ကြောင်း သိရသည်။

၂၆ ရက်တွင် ဝယ်ယူသူများအား MTC Sim Card အား လက်ဆောင်အဖြစ် အခမဲ့ ပေးသွားမည်ဖြစ်ပြီး ယင်း MPT Sim Card များတွင် အင်တာနက် အသင့်ပါဝင်မည် ဖြစ်ခြင်းကြောင့် အင်တာနက်ဖွင့်ရန် ကျပ် တစ်သောင်းထပ်မံ ကုန်ကျရန် မလိုကြောင်း သိရသည်။ ထို့ပြင် Sim Card တွင်မူရင်း ပါရှိသော ဖုန်းဘီလ် ကျပ်သုံးရာအပြင် ထပ်ဆောင်း ဖြည့်စွက်ငွေ ကျပ်တစ်သောင်း ပါဝင်မည်ဖြစ်ပြီး မူရင်းပါဝင်ငွေ ကျပ်သုံးရာနှင့် ထပ်ပေါင်းဖြည့်စွက်ငွေ ကျပ်တစ်သောင်းတို့မှာ Sim Card စတင် အသုံးပြုချိန်မှ ရက်ပေါင်း ၁၂၀ ထိ သက်တမ်း ရှိမည်ဖြစ်သည်။