Samsung Galaxy Note10 Lite အသေးစိတ်အချက်အလက် ပေါက်ကြားထွက်ပေါ်

Samsung ဟာ Galaxy Note10 Lite ကိုမကြာခင်မှာ မိတ်ဆက်နိုင်ပါတယ်။ အခုဆိုရင် Note10 Lite နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို Rolan Quandt ဆိုတဲ့နာမည်ကျော် အချက်အလက်ဖော်ထုတ်သူက ဖော်ပြခဲ့ပါတယ်။ ဖုန်းမှာ မျက်နှာပြင်အရွယ်အစား ၆.၇လက်မ ပါဝင်ပြီး Full HD+ screen, Exynos 9810 chipset နဲ့အားသွင်းမြန်ဆန်စနစ် 25W အထိပါဝင်တဲ့ ဘက်ထရီ 4,500mAh ပါဝင်လာမယ်လို့ သိရပါတယ်။

ဒါ့အပြင် Samsung Galaxy Note10 လိုမျိုး ကင်မရာ ၃လုံးပါဝင်လာပြီး 12MP f/1.7 + 12MP ultrawide-angle နဲ့အတူ f/2.2 lens တို့ပါဝင်ပြီး 12MP telephoto ကင်မရာမှာ 2x zoom နဲ့ f/2.4 aperture တို့ပါဝင်လာပါတယ်။ Note10 Lite ရှေ့ကင်မရာကတော့ 32MP နဲ့အတူ f/2.0 lens ပါဝင်လာမယ်လို့ သိရပါတယ်။

Samsung ဟာ Infinity AMOLED panel ကိုအသုံးပြုထားပြီး ပုံမှန် optical fingerprint sensor ကို Note10 Lite မှာဆက်လက်အသုံးပြုပါမယ်။ အခြားအချက်အလက်တွေက​တော့ RAM 6GB, storage 128GB နဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေအတွက် microSD ကတ်ပေါက်တို့ပါဝင်လာပါတယ်။

Galaxy Note10 Lite အလေးချိန်ကတော့ ၁၉၈ ဂရမ်ရှိပြီး ToF sensor ပါဝင်ဖွယ်မရှိပါဘူး။ ဒါပေမဲ့ Galaxy Note10 Lite ကျောဘက်ကင်မရာကို စတုရန်းဒီဇိုင်းထဲ ထည့်သွင်းထားတာကို သရုပ်ဖော်ပုံတွေမှာ မြင်တွေ့ရပါတယ်။
Galaxy Note10 Lite မှာ S Pen ပါဝင်ပြီး Android 10 အခြေခံ One UI 2.0, Bluetooth 5.0 နဲ့ဈေးနှုန်း ယူရို ၆၀၉ ကျသင့်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ Galaxy Note10 Lite ကို ဥရောပအတွင်းက ဈေးကွက်တစ်ချို့မှာ ဇန်နဝါရီ ၁၀ ရက်နေ့ စတင်ရောင်း ချမယ်လို့ ကောလာဟလထွက်ပေါ်နေပါတယ်။

-စိုးထက်
Ref: GSMArena