Samsung Galaxy Note10+ ရဲ႕ Exynos 9825 စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ ထြက္ေပၚလာ

[ Zawgyi ]

Samsung Galaxy Note10+ မွာပါဝင္လာမယ့္ Exynos 9825 ဟာ 7nm Extreme UltraViolet (EUV) လုပ္ငန္းစဥ္နဲ႔ တည္ေဆာက္ခဲ့တဲ့ ပထမဆုံးခ်စ္ပ္ျဖစ္ပါတယ္။

ေရွ႕မွာထြက္ရွိခဲ့တဲ့ Exynos 9820 အျပင္ TSMC ရဲ႕ 7nm တို႔ကလည္း Deep UltraViolen (DUB) လုပ္ငန္းစဥ္အေပၚ အေျချပဳတည္ေဆာက္ထားပါတယ္။ အနာဂတ္မွာ စက္႐ုံေတြက လမ္းျပေျမပုံေတြအရ 7nm ကေန 5nm ခ်စ္ပ္အထိ ေလွ်ာ႔ခ်ႏိ္ုင္ဖို႔ EUV ကုိအသုံးျပဳသြားပါမယ္။ Samsung Galaxy Note10+ ဟာ နည္းပညာသစ္ေတြ ပါဝင္တဲ့ ထုတ္ကုန္ျဖစ္ၿပီး Galaxy S10+ မွာေတာ့ 9820 ခ်စ္ပ္ကုိ အနည္းငယ္ပဲ အဆင့္ျမႇင့္တင္ထားပါတယ္။ Samsung အေနနဲ႔ GPU clock ျမန္ႏႈန္းကို ျမႇင့္တင္ခဲ့တယ္လို႔ ေျပာေပမယ့္ အတိအက်ေတာ့ မေျပာခဲ့ပါဘူး။ CPU clock ျမန္ႏႈန္းေတြကုိေတာ့ ျဖန္႔ခ်ိခဲ့ၿပီး အေျပာင္းအလဲ အနည္းငယ္ လုပ္ထားပါတယ္။

Galaxy Note10+ ကုိ benchmark စမ္းသပ္ခဲ့ရာမွာ ထုတ္လုပ္မႈမတိုင္မီက ထုတ္ကုန္ကုိ အသုံးျပဳခဲ့ပါတယ္။ Galaxy Note10+ ကို ႀကိဳတင္မွာယူမႈပဲ ရွိေနေသးၿပီး သုံးစြဲသူလက္ထဲ ထုတ္ကုန္ေရာက္ရွိဖို႔ တစ္ပတ္ေလာက္ လိုပါေသးတယ္။ ဒါ့အျပင္ Galaxy Note10+ ကုိ Performance mode အတြင္းမွာ အသုံးျပဳခဲ့ပါတယ္။ ဒါေၾကာင့္ Huawei မွာလိုမ်ိဳး ေန႔စဥ္အသုံးျပဳမႈအတြက္ performance mode မပါဝင္ပါဘူး။ Samsung က ဒီဇိုင္းထုတ္ထားတဲ့ M4 Cheetah core ေတြက Apple ရဲ႕အဆင့္ျမင့္ core တစ္ခုတည္း စြမ္းေဆာင္ရည္နဲ႔ အနီးစပ္ဆုံး ဖန္တီးထားပါတယ္။

Galaxy Note10+ ရဲ႕ core (၈) ခု စမ္းသပ္မႈမွာေတာ့ Exynos က Snadragon 855 ကို႐ံႈးနိမ့္ခဲ့ပါတယ္။ Galaxy S10+ က core မ်ားစြာ စမ္းသပ္မႈမွာ Galaxy Note10+ ထက္ အမွတ္မ်ားခဲ့ပါတယ္။ ႐ုပ္ထြက္ပုိင္း စမ္းသပ္မႈမွာလည္း Galaxy Note10+ က S10+ ထက္အနည္းငယ္ ျမန္ဆန္ပါတယ္။ 3DMark ရဲ႕စမ္းသပ္မႈ ေတြမွာ Galaxy S10+ အတြင္း အႀကီးမားဆုံးတိုးတက္မႈကုိ ျပသခဲ့ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Samsung Galaxy Note10+ မှာပါဝင်လာမယ့် Exynos 9825 ဟာ 7nm Extreme UltraViolet (EUV) လုပ်ငန်းစဉ်နဲ့ တည်ဆောက်ခဲ့တဲ့ ပထမဆုံးချစ်ပ်ဖြစ်ပါတယ်။

ရှေ့မှာထွက်ရှိခဲ့တဲ့ Exynos 9820 အပြင် TSMC ရဲ့ 7nm တို့ကလည်း Deep UltraViolen (DUB) လုပ်ငန်းစဉ်အပေါ် အခြေပြုတည်ဆောက်ထားပါတယ်။ အနာဂတ်မှာ စက်ရုံတွေက လမ်းပြမြေပုံတွေအရ 7nm ကနေ 5nm ချစ်ပ်အထိ လျှော့ချနိ်ုင်ဖို့ EUV ကိုအသုံးပြုသွားပါမယ်။ Samsung Galaxy Note10+ ဟာ နည်းပညာသစ်တွေ ပါဝင်တဲ့ ထုတ်ကုန်ဖြစ်ပြီး Galaxy S10+ မှာတော့ 9820 ချစ်ပ်ကို အနည်းငယ်ပဲ အဆင့်မြှင့်တင်ထားပါတယ်။ Samsung အနေနဲ့ GPU clock မြန်နှုန်းကို မြှင့်တင်ခဲ့တယ်လို့ ပြောပေမယ့် အတိအကျတော့ မပြောခဲ့ပါဘူး။ CPU clock မြန်နှုန်းတွေကိုတော့ ဖြန့်ချိခဲ့ပြီး အပြောင်းအလဲ အနည်းငယ် လုပ်ထားပါတယ်။

Galaxy Note10+ ကို benchmark စမ်းသပ်ခဲ့ရာမှာ ထုတ်လုပ်မှုမတိုင်မီက ထုတ်ကုန်ကို အသုံးပြုခဲ့ပါတယ်။ Galaxy Note10+ ကို ကြိုတင်မှာယူမှုပဲ ရှိနေသေးပြီး သုံးစွဲသူလက်ထဲ ထုတ်ကုန်ရောက်ရှိဖို့ တစ်ပတ်လောက် လိုပါသေးတယ်။ ဒါ့အပြင် Galaxy Note10+ ကို Performance mode အတွင်းမှာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် Huawei မှာလိုမျိုး နေ့စဉ်အသုံးပြုမှုအတွက် performance mode မပါဝင်ပါဘူး။ Samsung က ဒီဇိုင်းထုတ်ထားတဲ့ M4 Cheetah core တွေက Apple ရဲ့အဆင့်မြင့် core တစ်ခုတည်း စွမ်းဆောင်ရည်နဲ့ အနီးစပ်ဆုံး ဖန်တီးထားပါတယ်။

Galaxy Note10+ ရဲ့ core (၈) ခု စမ်းသပ်မှုမှာတော့ Exynos က Snadragon 855 ကိုရှုံးနိမ့်ခဲ့ပါတယ်။ Galaxy S10+ က core များစွာ စမ်းသပ်မှုမှာ Galaxy Note10+ ထက် အမှတ်များခဲ့ပါတယ်။ ရုပ်ထွက်ပိုင်း စမ်းသပ်မှုမှာလည်း Galaxy Note10+ က S10+ ထက်အနည်းငယ် မြန်ဆန်ပါတယ်။ 3DMark ရဲ့စမ်းသပ်မှု တွေမှာ Galaxy S10+ အတွင်း အကြီးမားဆုံးတိုးတက်မှုကို ပြသခဲ့ပါတယ်။

Ref: GSMArena